5ခု

1.8K 211 19
                                    

5ခု.
Uni

ထောင်ဟွားနန်းဆောင်အပြင်ဘက်ကကျောက်သားစားပွဲဝိုင်းမှာဝမ်ရိပေါ်ကစာအုပ်ထိုင်ဖတ်နေပြီးရှောင်းကျန့်ကသရက်ပင်အောက်မှာရပ်နေသည်။ဝင်းမှည့်နေတဲ့သရက်သီးတွေကြည့်ပြီးတံတွေးအကြိမ်ကြိမ်မြိုချကာရှောင်းကျန့်၏မျက်လုံးလေးများဘလင်းဘလင်းဖြစ်နေသည်။သူအရမ်းအရမ်းကိုစားချင်နေပြီ ဧကရီကိုလှမ်းကြည့်တော့စာကိုသာအာရုံစိုက်ဖတ်နေတယ်။

"ဧကရီ!!!"

ရှောင်းကျန့်ကလှမ်းခေါ်လိုက်တော့ဝမ်ရိပေါ်ကစာဖတ်နေရာကနေလှည့်ကြည့်သည်။ဘာလဲဆိုတဲ့သဘောနဲ့မေးငေါ့ပြတော့ရှောင်းကျန့်ကသရက်သီးတွေကိုလက်ညိုးထိုးပြတယ်။ပြီးတော့ဗိုက်ကိုပါလက်ညိုးထိုးပြတော့ဝမ်ရိပေါ်ကခေါင်းညိမ့်ပြသည်။ခွင့်ပြုချက်ရသွားတဲ့ရှောင်းကျန့်ကဝမ်းမြောက်ဝမ်းသာခုန်ပေါက်နေတော့သည်။ပြီးတော့သစ်ပင်ပေါ်မျောက်ကလေးတစ်ကောင်လိုကုပ်ကပ်တက်သွားတယ်

"သတိထားနော်ရှောင်းကျန့်"

"......."

စိုးရိမ်စွာသတိပေးသည့်အသံကိုတောင်သတိမပြုမိတော့ပဲသရက်သီးမျက်နှာတစ်ကမ္ဘာလုပ်သွားသည်။ဝမ်ရိပေါ်ကစာကိုပဲပြန်ဖတ်နေလိုက်တယ်။

ရှောင်းကျန့်ကသစ်ကိုင်းမှာတက်ထိုင်ပြီးလက်လှမ်းမှီသလောက်အသီးတွေခူးတော့သည်။အင်္ကျီထဲထည့်ပြီးစိတ်ကြိုက်ခူးနေတယ်။

အများကြီးပဲ ဒီလောက်ကောင်းတဲ့သရက်သီးတွေဘာလို့မခူးကြတာပါလိမ့်..အမောင်သရက်သီးတို့ရေ ငါမှမင်းတို့ကိုမခူးစားရင်ငှက်ထိုးပိုးထိုးနဲ့မင်းတို့ဘဝမရှုမလှအဆုံးသတ်သွားတော့မှာ..အဟဲ.ခုငါကတကူးတကကြီးခူးစားပေးတော့မင်းတို့ကျေးဇုတင်သင့်တယ်..

ရှောင်းကျန့်ကသရက်သီးတွေကိုပြောကာဆတ်ခနဲဆတ်ခနဲခူးနေတော့သည်။ဒါ​မဲ့သူ့ကျောထဲဝင်လာတဲ့ခါချဥ်ကောင်ကြောင့်အေးဆေးမနေရတော့ဘူး။ကျောကိုပင်စည်နဲ့ပွတ်သပ်နေပေမဲ့မရတဲ့အပြင်ပိုပြီးယားကျိကျိဖြစ်လာတယ်။ရှောင်းကျန့်မျက်ခုံးတွေတွန့်ချိုးကာလှုပ်ခါယမ်းနေတော့သည်။သစ်ပင်ပေါ်အငြိမ်မနေပဲလက်နှစ်ဖက်ကသရက်သီးတွေအပြည့်နဲ့ရှောင်းကျန့်အရှိန်လွန်ကာဂျွမ်းထိုးကျတော့သည်။

Empress and his Servent✔Where stories live. Discover now