7ခု

1.5K 233 14
                                    

7ခု
Uni

ကြင်ယာတော်ပိုင်လန်ကိုရိုင်းပြသည်ဟုဆိုကာရှောင်းကျန့်ကိုဧကရာဇ်ကခေါ်တွေ့သည်။ရှောင်းကျန့်ကဧကရာဇ်ရှေ့ဒူးထောက်ကာအပစ်သားတစ်ယောက်လိုထိုင်နေရပြီးဝမ်ရိပေါ်ကဧကရာဇ်ဘေးတွင်ထိုင်နေသည်။ကြင်ယာတော်ပိုင်လန်ကအားရကျေနပ်ဟန်ရှိနေတယ်။

"အစေခံရှောင်းကျန့်ကိုယ့်အပစ်ကိုယ်သိရဲ့လား ကိုယ့်ထက်ရာထူးအဆင့်မြင့်တဲ့သူတွေကိုရိုသေရမှာနန်းတွင်းစည်းကမ်းပဲ မင်းကငါကိုယ်တော်ချမှတ်ထားတဲ့စည်းကမ်းကိုမလိုက်နာတာပုန်ကန်တာနဲ့အတူတူပဲ "

ဧကရာဇ်ရဲ့ပြင်းထန်တဲ့စကားကြောင့်ရှောင်းကျန့်ထိန့်လန့်သွားသည်။ဒါလေးကအဲ့လောက်တောင်အပစ်ကြီးသွားတာလား

"တောင်းပန်ပါတယ်မင်းကြီး ကျွန်တော်မရည်ရွယ်ပါဘူး"

"ဘာမရည်ရွယ်တာလဲ မင်းငါ့ကိုမထီမဲ့မြင်ပြုမှုသွားတာလေ ခုမှကြောက်ပြမနေနဲ့"

ပိုင်လန်ကဝင်ရောက်ပြောတော့ရှောင်းကျန့်မျက်စောင်းသေးသေးလေးထိုးလိုက်သည်။ဧကရာဇ်ဘေးကသူ့ရဲ့ဧကရီကိုကြည့်တော့တည်ငြိမ်တဲ့မျက်နှာနဲ့ရှိနေတယ်။သူ့ကိုနဲနဲလေးမှစိတ်မပူဘူးလားဟုတွေးမိတော့အလိုလိုဝမ်းနည်းလာသည်။ထို့ကြောင့်ရှောင်းကျန့်ဘာမှမပြောပဲခေါင်းသာငုံ့ထားလိုက်တယ်။

"အပစ်သားကအပစ်ဒဏ်ခံရမှာထုံးစံပဲ ရှောင်းကျန့်ကြင်ယာတော်ပိုင်လန်ကိုတောင်းပန်လိုက်ပါ ပြီးရင်"

"အရှင်..ရှောင်းကျန့်ကကျွန်တော့်လူပါ ကျွန်တော်သင်ပြမှုမကောင်းလို့ဒီလိုဖြစ်တာ ကျွန်တော့လူအစားကျွန်တော်ကပဲတောင်းပန်ပါတယ်ရှောင်းကျန့်ကိုအပစ်ပေးလိုက်ပါ့မယ်"

ရောက်လာထဲကတိတ်နေတဲ့ဧကရီကဝင်ပြောတော့ချန်းယွိရှီကအတန်ကြာစိုက်ကြည့်ပြီးခေါင်းညိမ့်ပြလိုက်သည်။ဘာဖြစ်ဖြစ်ဧကရီသဘောနဲ့ စကားဖြတ်ပြောတာတောင်စိတ်ဆိုးခြင်းအလျဥ်းမရှိပေ။ဧကရာဇ်စကားကိုဖြတ်ပြောရင်ပစ်ဒဏ်ခံရမှာမလွဲမသွေပဲ။ဧကရီကတော့မထင်ထားလောက်အောင်သတ္တိရှိလွန်းလှသည်။ဧကရာဇ်ကအလျော့ပေးနေလို့များလား.

Empress and his Servent✔Where stories live. Discover now