13ခု

1.5K 190 10
                                    

13ခု
Uni

အပြုံးတုကြီးနဲ့ဧကရီကိုကြည့်ပြီးရှောင်းကျန့်၏ကျောပြင်အေးစိမ့်လာသည်။လက်မောင်းနှစ်ဖက်ကမွှေးညှင်းတွေလဲထိုးထောင်နေကာဧကရီကိုစေ့စေ့မကြည့်ရဲ။

"နန်းဆောင်ထဲဝင်ပါအုံးလားမင်းသား၂"

"ရပါတယ်မဝင်တော့ဘူးကျွန်တော်ကရှောင်းကျန့်ကိုလာတွေ့တာလေ"

"အော်..."

"......"

"......"

"ရှောင်းကျန့်အထဲကိုဝင်တော့ လုပ်စရာတွေရှိသေးတယ်မလား"

"ဟုတ်..ဟုတ်ကဲ့ပါဧကရီ"

ဘာကိုကြောက်လို့ကြောက်မှန်းမသိစွာနဲ့ပဲနန်းဆောင်ထဲဝင်လာခဲ့လိုက်သည်။ဧကရီကဒေါသထွက်နေသလိုပဲအသံကနူးညံ့နေသော်လဲအေးစက်နေတယ်။ရှောင်းကျန့်ဝင်သွားတာကိုကြည့်ပြီးမှဝမ်ရိပေါ်ကချန်းရှိူ့ပင်းဘက်လှည့်လာတယ်။

"မင်းသား၂ကကျွန်တော့်အစေခံပေါ်ကိုစိတ်ရှိနေတယ်ထင်တယ် ကျွန်တော်ထင်တာမလွဲဘူးမလား "

"မမှားပါဘူး ကျွန်တော်ရှောင်းကျန့်ကိုမေတ္တာရှိတယ် နှစ်နှစ်ကာကာကိုတစ်ဘဝလုံးအတွက်ရည်ရွယ်ထားတာပါ"

ဝမ်ရိပေါ်ကပြုံးနေတယ်။လက်သီးတွေကတင်းခနဲဖြစ်သွားပြီးလည်ဇလုတ်ကလဲအပေါ်အောက်ခပ်မြန်မြန်ရွေ့လျားသွားတယ်။မင်းသား၂ကချစ်တဲ့အကြောင်းကိုသတ္တိရှိရှိနဲ့ဝန်ခံရဲတာကိုတော့သဘောကျပေမဲ့သူ့အပိုင်ကိုစိတ်ဝင်စားနေတာကိုလက်မခံနိုင်ဘူး။ဝမ်ရိပေါ်ကခပ်ပြုံးပြုံးနှင့်သာခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။

"ဒါကတော့ရှောင်းကျန့်နဲ့ဆိုင်တယ်လေ ဒါပေမဲ့......ကျွန်တော်ကတော့ရှောင်းကျန့်ကိုလိုအပ်နေသေးတယ်သူကိုအနားကနေထွက်မသွားစေချင်သေးဘူး မင်းသား၂နားလည်မယ်လို့တော့ထင်ပါတယ် အချိန်ခဏလောက်တော့သည်းခံပေါ့."

"ဒါ.က."

"ရှောင်းကျန့်ကိုကျွန်တော်မေးဖူးတယ်ချစ်သူရှိလားလို့ သူကပြန်ဖြေတာကသူ့မှာရည်ရွယ်ထားတဲ့သူရှိတယ်တဲ့ငယ်ငယ်ထဲကလက်ထက်ဖို့ကတိကဝတ်ထားခဲ့ကြတာတဲ့လေ မင်းသား၂ရဲ့အချစ်ကိုသူလက်ခံနိုင်ထို့အတွက်အချိန်တစ်ခုတော့လိုတယ်မလား."

Empress and his Servent✔Where stories live. Discover now