🦋🦋 ပက်ပက်စက်စက်ကြွေ 🦋🦋
( Part - 9 )
" အန်တီမေသူ ကျတော် တောင်းပန်ပါတယ်
ကျတော်ကြောင့် ဦးခိုက်က အခုလို
ဒဏ်ရာရသွားတာပါ ကျတော် တောင်းပန်ပါတယ် "
ဟိန်းထက် တောင်းပန်စကားတွေကို
ဒေါ်မေသူ ဂရုမစိုက်အားသေး။
ပါချုပ်ကြီးက ဖုန်းဆက်ခေါ်လို့
ဒီရောက်လာတော့ သားဖြစ်သူက
ကောင်လေး တစ်ယောက်ကို ဝင်ခံပေးလို့
မေးစေ့ကို အနည်းငယ် ထိခိုက်သွားတယ်တဲ့။
အံ့ဩဖို့ ကောင်းလိုက်တာ သူမ တစ်သက်လုံး
သားဖြစ်သူ ကာကွယ်ပေးတဲ့လူက
သူမ အရင် ယောင်္ကျားကလွဲပြီး ဘယ်သူမှ
မရှိခဲ့။ အခုတော့ ဒီနေ့မှာ သားငယ်က
သူနဲ့ ရွယ်တူကောင်လေးတစ်ယောက်ကို
ကာကွယ်ပေးလာခဲ့ပြီ။ သားငယ် မေးစေ့က
အနာက ပြောသလောက်ကြီး မဆိုးပါ။ ဒါပေမဲ့
မဆိုးပေမဲ့ သားငယ်က အသားဖွေးတဲ့သူဆိုတော့
အနာက ထင်းနေလေသည်။
" ကျတော် တောင်းပန်ပါတယ် အန်တီမေသူ
ကျတော် တောင်းပန်ပါတယ် ..."
ရှေ့တွင် ခါးကြီးကိုင်းကာ တောင်းပန်လာသဖြင့်
သူမ အတွေးစတွေ ပြတ်သွားရသည်။
" မတော်လို့ ခိုက်မိသွားတာပဲ သားဟိန်းထက်
မင်း တမင်ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ
အန်တီမေသူ ခွင့်လွှတ်ပါတယ် ..."
" ဒါပေမဲ့ ကျတော်ကြောင့် ဦးခိုက်က... "
" ဘာမှမဖြစ်ပါဘူး အသေးဖွဲ့လေးပါ
အချိန်တန်ရင် ပျောက်သွားလိမ့်မယ်
သား စိတ်မပူပါနဲ့ ဒါနဲ့ ဒီက ကောင်လေးက
အန်တီ သားငယ် ဝင်ပြီးကာကွယ်ပေးလိုက်တဲ့
သူလားဟင် သားဟိန်းထက် "
မောင့် ကို ကြည့်ပြီးဆိုလာသော မိထွေးမ
စကားကြောင့် ထိုမိန်းမ မျက်နှာမြင်ရင်
ထွက်ချင်တတ်တဲ့ ဒေါသကို မနည်းထိန်းနေရသည်။
ကံကောင်းလို့ပေါ့ ဒယ်ဒီ ပါမလာတာ။ ဒယ်ဒီသာ
ပါလာရင် သူတို့နှစ်ယောက်ကို မောင် ယှဉ်တွဲမြင်ပြီး
စိတ်မထိန်းနိုင် ဖြစ်နေလိမ့်မည်။
" ဟုတ်တယ် အန်တီမေသူ ...ကျတော်တို့
နဲ့ အဆောင်တစ်ခန်းတည်းမှာ အတူနေတဲ့
သူပါ နာမည်က မောင်တဲ့ "
" ဪ မနက်က ကိုကြီး မေးတဲ့ တစ်ယောက်ပဲ
ဒါနဲ့ မနေ့ကလည်း သားငယ်ကို အန်တီ
video call ခေါ်တော့ ဒီကောင်လေးကို
တွေ့လိုက်ပါတယ် "
BẠN ĐANG ĐỌC
ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်)
Lãng mạnယောင်္ကျားလေး ယောင်ဆောင်ပြီး ကျမ အဖေ နောက်မိန်းမရဲ့ သားကို ကျမက ကလဲ့စားချေမလို့ ပါဆိုနေမှ အခုတော့ ကျမက သူ့ကို မမြင်ရရင် မနေနိုင်မထိုင်နိုင်တဲ့အထိ ချစ်မိသွားခဲ့ပြီ တေမိမင်းသား ရယ် 🖤🖤🖤
