Part - 40 🖤🖤 ( Zg + Uni)

4.5K 136 10
                                        

🦋🦋  ပက်ပက်စက်စက်ကြွေ   🦋🦋
( Part - 40  )



မောင် ဘေစင်မှာ မျက်နှာသစ်ပြီးချိန် နောက်ကို
အလှည့် အနားကို လျှောက်လာတဲ့
ဒယ်ဒီက သူ့ လက်ထဲက ပုဝါလေးကို
မောင့်လက်ထဲ ကမ်းပေးလာ၍ ဆွံ့အသွားရသည်။

" ယူလေ သားမောင်ရဲ့.. ဘာတွေ အန်ကယ်ကို
ကြောင်ကြည့်နေရတာလဲ..?  "

" ဒယ်ဒီ... "

" ဟမ်.. "

" ဪ မှားလို့..မှားလို့ ဦးလေး
ကျ​တော့်​ ဒယ်ဒီကို သတိရမိသွားတာ။ ဒယ်ဒီ
ရှိတုန်းကဆို ကျတော် ဝမ်းနည်းရင် အခုလို
လုပ်ပေးတတ်တာလေ "

မောင် ဒီစကားကို ဒယ်ဒီ မျက်နှာကို ကြည့်ပြီး
ပြောနေရာကနေ ငိုချင်လာတာ တအားပေ။

" ကဲပါ ဘာမှစိတ်မကောင်း ဖြစ်မနေနဲ့
အန်ကယ်ကို မင်း ဒယ်ဒီလို့ သဘောထား
ပေါ့။ မဟုတ်လည်း မင်း မေလေးက
မင်းကို သားတော်ထားတာလေ။ "

" ဟုတ် ဦးလေး ကျေးဇူးပါ "

" မလိုပါဘူးကွာ။ အန်ကယ် ကသာ
မင်းကို ကျေးဇူးတင်ရမှာ။ မင်းကြောင့်သာ
မင်း မေလေးက အသက်ရှင်ရတာလေ။ "

ရေနစ်တုန်းက ကယ်ပေးတဲ့ ကိစ္စကို အခုထက်​ထိ
အစပြန်ဖော်ကာ ကျေးဇူးတင်နေတဲ့
ဒယ်ဒီကို ကြည့်ကာ ခေါင်းသာငြိမ့်နေမိသည်။

" သေချာကြည့်တော့ မင်းက တစ်ယောက်
ယောက်နဲ့ တော်တော် တူတာပဲ သားမောင်..."

" ဘယ်သူနဲ့ တူနေတာလဲ ဦးလေး.. "

" ဒီတိုင်း အသိတစ်ယောက်နဲ့ပါ။
ဘာရယ် မဟုတ်ပါဘူး "

အန်ကယ် သမီးနဲ့ တူတာလို့ ဒယ်ဒီ
ပြန်ဖြေမယ့် စကားကို မောင် ကြားရနိုးနိုး
မျှော်လင့်နေပေမဲ့ ဒယ်ဒီ ပါးစပ်က
ဒီတိုင်း အသိတစ်ယောက်နဲ့ တူတာဆိုတော့
သက်ပြင်းသာချလိုက်မိသည်။ မောင် အခုထိကို
အတော် မျှော်လင့်နေတာပဲ။
ရင်ထဲမှာလည်း နာကျင်မှုတွေက
တမြေ့မြေ့နဲ့ပေ။

အန်ကယ် သမီး မေလင်းစက်မောင်နဲ့ 
တူတယ်လို့ ပြောမယ့် စကားကို ဦးလင်းမြတ်မောင်
စိတ်ထဲတွင် ထားခဲ့လိုက်ရသည်။ သူ
ဘာလို့  သားမောင် ကို သူရဲ့ သမီး
မေလင်းစက်မောင် နဲ့ တူတယ်ထင်နေရတာတုန်း။
သူ့ သမီးက မိန်းကလေး လေ။ နောက်ပြီး
သားမောင် က ယောင်္ကျားလေး။

ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်) Où les histoires vivent. Découvrez maintenant