🦋🦋 ပက်ပက်စက်စက်ကြွေ 🦋🦋
( Part - 55 ) ဇာတ်သိမ်းပိုင်း
မင်္ဂလာပွဲ သုံးရက်အလို မာမီ က မောင် နေတဲ့
ဆီ လာပြီး လက်မထပ်ဖို့ရန်
စကားတွေနဲ့ ဖျက်လိုဖျက်ဆီးလုပ်လာခဲ့သည်။
သို့သော် ကံ ကံ၏ အကျိုးပေး ဆိုရမလား
မာမီ ပြန်သွားချိန် မာမီ ငှားသွားတဲ့
ကားက accident ဖြစ်ပြီး မာမီရော
taxi သမားပါ ဆုံးသွားခဲ့သည်။
မာမီ ဆုံးသွားတဲ့အတွက် မောင် အထွေအထူး
တော့ ခံစားမနေပါ။ မောင့်ကို တစ်ချိန်လုံး
ကြင်နာမှုမရှိခဲ့တဲ့အတွက် မောင် မခံစားရတာလည်း
ဖြစ်နိုင်သည်။ သို့သော် အမေဆိုတဲ့ အသိလေး
အတွက် မောင် နည်းနည်းတော့
နာကျင်လိုက်ရသည်။
မင်္ဂလာပွဲကိုတော့ မာမီ ရက်လည်ကြောင့်
မောင်တို့ နောက်ဆုတ်လိုက်ရသည်။
ဦးတားရက်စ် ကလည်း ဆေးမှု၊ လိပ်ပိုင်းဆိုင်ရာ
နှောင့်ယှက်မှုတွေနဲ့ ထောင်ဒဏ်ဆယ့်ငါးနှစ်
ကျသွားခဲ့သည်။
အခုတော့ မောင်တို့ရဲ့ ဆူးခလုတ်တွေ
အားလုံး ရှင်းသွားပြီဖြစ်ကာ မနက်ဖြန်မှာ
မင်္ဂလာဆောင်ရတော့မည်။
မင်္ဂလာပွဲက မောင်တို့ အိမ်မှာတင်
ပြုလုပ်ကြမယ့် ပွဲပေ။ ဦးခိုက်က
ဟိုတယ်မှာ ဆောင်ဖို့ ပြောတာကို
မောင်က ဒယ်ဒီကြောင့် အိမ်မှာ လုပ်ခိုင်းလိုက်ခြင်းပင်။
နောက်ပြီး ဟိုတယ်မှာ ကုန်မယ့် စရိတ်တွေကို
မရှိဆင်းရဲသားတွေကိုလည်း မောင် ပေးချင်လို့ပါ။
*********************
" ဦးခိုက် အဲ့ဒီမှာ ဘာလုပ်နေတာလဲ...? "
မောင် မိတ်ကပ်ပြင်နေတာကို လာကြည့်နေတဲ့
ဦးခိုက် အနား ဟိန်းထက် နဲ့ ရှိုင်းဆက်တို့က
ရောက်လာရင်း မေးလိုက်သဖြင့်
မောင် မိတ်ကပ်ပြင်နေရာကနေ လှမ်းကြည့်မိသွား
သည်။ ဦးခိုက် ဘာပြန်ဖြေမလဲ ဆိုတာ။
အစောပိုင်းကတည်းက ဦးခိုက် လာကြည့်
နေတာ မောင် မြင်ရဲ့သားနဲ့ တမင်
ဘာမှမမေးဘဲ မောင်နေနေခဲ့တာ။
" မောင်ကို ကြည့်နေတာလေ "
" အေး သိတယ်လေ ကြည့်တာတော့
ကြည့်ပေါ့။ ဒါပေမဲ့ မင်းလည်း မိတ်ကပ်
လိမ်းရအုံးမယ်လေ။ ဒါမှ မင်းလည်း
ချောမှာပေါ့။ "
YOU ARE READING
ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်)
Romanceယောင်္ကျားလေး ယောင်ဆောင်ပြီး ကျမ အဖေ နောက်မိန်းမရဲ့ သားကို ကျမက ကလဲ့စားချေမလို့ ပါဆိုနေမှ အခုတော့ ကျမက သူ့ကို မမြင်ရရင် မနေနိုင်မထိုင်နိုင်တဲ့အထိ ချစ်မိသွားခဲ့ပြီ တေမိမင်းသား ရယ် 🖤🖤🖤
