Part - 30 🖤🖤 ( Zg + Uni)

5.2K 152 4
                                        

🦋🦋  ပက်ပက်စက်စက်ကြွေ   🦋🦋
( Part - 30  )



" အဲ့တာက... ဒီအတိုင်း.. "

" ဘာဒီအတိုင်းလဲ သေချာဖြေ.. !
အင့်ဟင့်....."

မောင် ပါးပေါ် မျက်ရည်တွေ အပြည့်စီးကျလာတာကို
ဦးခိုက် ကြည့်ပြီး ပို၍ စိတ်မကောင်းဖြစ်သွားတော့သည်။

" ငါ ဆေးမိထားတယ် မောင်။ အဲ့တာ မင်းအသံနဲ့တင်
ဆေးအရှိန်က ပိုဆိုးလာလို့ ငါ မနည်း
ထိန်းနေရတယ်။ အခု မင်းအထိအတွေ့တွေနဲ့
ဆိုတော့ ငါ ပိုဆိုးနေပြီ အဲ့တာ မင်းသိရဲ့လား..
နောက်ပြီး မင်းမျက်ရည်တွေကြောင့်ရော
ငါ ထိန်းမရတော့ဘူး "

စကားအဆုံး မောင် မျက်နှာကို ဆွဲယူကာ
ပါးပြင်ကို ထိတွေ့လိုက်သော
သူ့ နှုတ်ခမ်းတစ်စုံကြောင့် ပါးလေးက
နစ်ဝင်သွားရသည်။

ရင်ထဲမှာလည်း သူရဲ့ အနမ်းတစ်ပွင့်ကြောင့်
တဒုန်းဒုန်း တဒိုင်းဒိုင်းဖြစ်နေလေသည်။

ရီဝေစွာနဲ့ ကြည့်လာတဲ့ သူ့ အကြည့်တွေကြောင့်လည်း
မောင် မနေတတ်​​တော့​ပေ။

" ရွှတ်... "

မောင် နဖူးလေးကို သူ့ နှုတ်ခမ်းလေးနဲ့ အသာလေး
ဖိကပ်​နမ်းရှိုက်လိုက်တဲ့ ဦးခိုက် ကြောင့်
ဘာရယ်မဟုတ် လက်ဆုပ်မိသွားသည်။

မျက်ခွံမို့မို့လေး နှစ်ဖက်ကိုပါ နမ်းရှိုက်လာသဖြင့်
မောင် မျက်လုံးမှိတ်ကာ ငြိမ်သက်စွာနဲ့
ခံယူပေးနေမိသည်။

ထိုမှတစ်ဆင့် မောင့် နှာဖျားလေးကို သူ့
နှုတ်ခမ်းနဲ့ ပွတ်တိုက်ဆွဲသွားကာ
ပါးပြင်နှစ်ဖက်စလုံးကိုလည်း နစ်ဝင်သွားတဲ့အထိ
နမ်းနေ၍ မောင် ရင်တွေခုန်နေတာက
ဘာနဲ့မှ ထိန်းလို့မရ။

" ဒီနှုတ်ခမ်းလေး... ဒီနှုတ်ခမ်းလေးနဲ့တင်
ဆေးမိထားတဲ့ စိတ်တွေ ထကြွလာတယ်ဆိုတာရော
သိလား...?  "

မောင် မျက်ရည်တွေတောင် ဦးခိုက် နမ်းလိုက်တာနဲ့
ဘယ်ဆီနေမှန်းကို မသိတော့။အဲ့တာကို
နှုတ်ခမ်းလေးကို သူ့ လက်ညှိုးနဲ့ အသာလေး
တို့ထိကာ ဆိုနေသဖြင့် မောင် တစ်ကိုယ်လုံး
ကောင်းကင်ပေါ် ရောက်သွားသလိုပေ။

ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်) Место, где живут истории. Откройте их для себя