🦋🦋 ပက်ပက်စက်စက်ကြွေ 🦋🦋
( Part - 12 )
" အန်တီသဲ သိလား ဒယ်ဒီ က မောင်ကို
မမှတ်မိဘူး ...အစကလေ ဒယ်ဒီ နဲ့
မောင် ပြန်တွေ့ရင် ဒယ်ဒီ မောင့်ကို
ဘယ်လိုပဲနေနေမှတ်မိမယ် ထင်ထားခဲ့တာ
အခုတော့ တခြားစီပဲ "
" ဘာမှ စိတ်ထဲထားမနေပါနဲ့ သမီးမောင် ရယ်
ထပ်တွေးနေရင် သမီးပဲ ခံစားနေရမှာ "
" ဟုတ် အန်တီသဲ မောင် မတွေးတော့ဘူးနော် "
အန်တီသဲကို မတွေးတော့ဘူးလို့သာ မောင်
ပြောတာ ဒီအကြောင်းကို မောင် စိတ်ထဲကနေ
ဘယ်လိုမှ ထုတ်လို့မရ။ မောင် နာကျင်နေတာ
မောင်ပဲ သိတယ်လေ။ ဘာပဲဖြစ်ဖြစ်ပါ
အနည်းဆုံးတော့ ဒီနေ့ ဒယ်ဒီ နဲ့ တွေ့လာတဲ့
အကြောင်းကို အန်တီသဲ ကို ပြောလိုက်လို့
မောင် နည်းနည်းတော့ ပေါ့သွားပြီလေ။
ဒေါ်သဲရှင် နှစ်သာနှစ်သိမ့်ပေးရတာ သမီးမောင်
ရဲ့ မျက်နှာက အနည်းငယ် မလန်းဘူးလေ။
ဘယ်လောက်တောင် သနားဖို့ကောင်း
လိုက်လဲ သမီးမောင်လေးက..!!
အဖေကလည်း နောက်အိမ်ထောင်နဲ့
အမေကလည်း နောက်အိမ်ထောင်နဲ့။
ဒီတော့ ကလေးလေးက ဘယ်သွားနေရှာမလဲ။
သူမတောင် ယောင်္ကျားဆုံးပြီးကတည်းက
နောက်ထပ် ထပ်မယူပေ။ ဒါ့က
သူမ သားရှိုင်းကို စိတ်ချမ်းသာစေချင်လို့။
နောက်အိမ်ထောင်ပြုလိုက်ရင် သူမ
သားလေး ရှိုင်းဆက် စိတ်ဒဏ်ရာ ရသွားမှာကို
အရမ်းကြောက်သည်။ ဘယ်လောက်ပဲ
မိထွေး၊ ပထွေးက ကောင်းတယ်ပြောပြော
အမေရင်း၊ အဖေရင်းကို မမှီပေ။
အခု သူမ ရွှေဆိုင်ဖွင့်ထားပြီး သားလေး ရှိုင်းဆက် ကို စောင့်ရှောက်လာတာ ဘယ်နှနှစ်တောင် မကတော့ပေ။
သူမ ယောင်္ကျားသေတဲ့ နေ့ကတည်းက
ကိုယ့် ဒူးကိုယ်ချွန်ပြီး ကြိုးစားလာတာ
အခုထိပေ။
" သွား သမီးမောင် သွားနားချေ
အန်တီသဲ သမီး အတွက် သရေစာမုန့်
လုပ်ထားပေးမယ် "
" ဟင့်အင်း.... အန်တီသဲ နား မောင် နေအုံးမှာ
ဖက်ပေးပါအုံး အန်တီသဲ မောင့်ကို "
တအားကြီး ဝမ်းနည်းနေလို့ထင်ပါရဲ့
သမီးမောင် က သူမကို လက်ဆန့်ကာ ဖက်ပေးပါလုပ်နေလေသည်။
YOU ARE READING
ပက်ပက်စက်စက်ကြွေ 🖤🖤 ( ဗဟိုရ်ဦးခိုက်+ မေလင်းစက်မောင်)
Romanceယောင်္ကျားလေး ယောင်ဆောင်ပြီး ကျမ အဖေ နောက်မိန်းမရဲ့ သားကို ကျမက ကလဲ့စားချေမလို့ ပါဆိုနေမှ အခုတော့ ကျမက သူ့ကို မမြင်ရရင် မနေနိုင်မထိုင်နိုင်တဲ့အထိ ချစ်မိသွားခဲ့ပြီ တေမိမင်းသား ရယ် 🖤🖤🖤
