Chapter 2

692 112 126
                                    

ဦးလေးကျန်းဖုန်းမြင့်ကို အနားယူခိုင်းထားပြီးရှောင်းကျန့်နဲ့ကျန်းချန်တို့က ခြံထဲမှာ ပန်းပင်တွေကို ပေါင်းရှင်းမြေဆွလုပ်ကာ ရောက်တုန်းရောက်ခိုက် လုပ်အားပေးနေကြသည်။ခြံဝသိူ့ ကားလေးတစီးက ထိုးဆိုက်လာတာမို့ အလုပ်လုပ်ရင်း စူးစမ်းသလိုလှမ်းကြည့်လိုက်တော့ မနေ့က ရန်တွေ့ကောင်းသည့် ရွှေမင်းသားနဲ့ တခြားလူတယောက်။

"ပြန်လိုက်ပို့ပေးတာ ကျေးဇူးပဲ ကိုဂျော်နီ....အိမ်ထဲဝင်ပါဦးလား ဖေဖေရှိတယ်လေ...."

"မဝင်တော့ဘူး ရိပေါ်လေး....နောက်ရက်မှပဲ အန်ကယ်လ်ကိုလာတွေ့တော့မယ်....အခုက ကိုယ့်ဒယ်ဒီခိုင်းထားတာလေးရှိသေးလို့...."

လောကွတ်လုပ်ပြီးသာ အိမ်ထဲဝင်ဖို့ခေါ်လိုက်ရပေမဲ့ တကယ်တန်းကျ လိုက်လာမှာစိုးရိမ်မိသည်။လူကြီးချင်းသာ ခင်မင်ရင်းနှီးကြပြီး ရိပေါ်ဘက်ကတော့ ခပ်တန်းတန်း။

"ဒါနဲ့လေ ကိုယ်ပြောထားတဲ့ကိစ္စလေးရော....ရိပေါ်လေးဘက်ကဘယ်လိုသဘောရလဲ....ကိုယ်သ‌င်္ဘောပြန်မတက်ခင်လေး တခါထဲစေ့စပ်သွားချင်တယ်ကွယ်....ဒါမှ ရိပေါ်လေးကို ကိုယ်စိတ်ချရဲမှာ...."

ကားတံခါးကို ကျောမှီကာ ခပ်လျောလျောရပ်ရင်း ပြောလာသည့်ဂျော်နီစကားကြောင့် ရိပေါ်စိတ်တိုသွားရပေမဲ့လဲ ခြံထဲရှိ ဟိုလူနှစ်ယောက်က အလုပ်လုပ်နေရင်းမှ ပေါက်ပြားကြီးတွေကိုင်ကာ သူတို့ကိုရပ်ကြည့်နေကြသည်မို့ ရိပေါ်ဒေါသကိုထိန်းလို့ ခပ်ပြုံးပြုံးလေးသာ တုံ့ပြန်လိုက်ရသည်။

"ခင်ဗျားက အဆင့်တွေမကျော်လွန်းဘူးလား....ရည်းစားဖြစ်ဖို့တောင် ကျနော်ကမစဉ်းစားရသေးဘူးနော်....ဘာမှမသက်ဆိုင်ခင်ထဲက တယောက်ကိုတယောက်မယုံကြည်ဘူးဆို ရှေ့မဆက်တာပိုကောင်းတယ် ကိုဂျော်နီ...."

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး.... အကိုပြောချင်တာ အဲ့သဘောမဟုတ်ပါဘူး ရိပေါ်လေးရယ်....ကိုယ်စိတ်မချဘူးဆိုတာက ရိပေါ်လေးကိုမဟုတ်ပါဘူး....ကံကြမ္မာကိုပြောတာပါ.....ဖြစ်နိုင်ရင် တခါထဲလက်ထပ်သွားချင်တာ....."

ပြာပြာသလဲရှင်းပြရင်း လက်ထပ်ဖို့အထိပါစိတ်ကူးယဉ်နေသော သကောင့်သားရဲ့ ပြုံးဖြဲဖြဲမျက်နှာကြီးကို ပိတ်ထိုးပစ်လိုက်ချင်မိသည်။သို့ပေမဲ့ မကင်းရာမ‌ကင်းကြောင်းဖေဖေတို့ လူကြီးတွေမျက်နှာကရှိနေသေးသဖြင့်

ကျနော့်ချစ်သူ ရွှေမင်းသားWhere stories live. Discover now