Chapter 13

558 86 70
                                    

"ဟိတ်...."

အပေါ်ပိုင်းဗလာကျင်းနဲ့ စမ်းချောင်းလေးရဲ့အစပ်မှာ ထိုင်ရင်း ကိုယ်လက်သန့်စင်နေသော ရှောင်းကျန့်ပုခုံးကို နောက်ကနေ ခပ်ဖွဖွထိပုတ်ကာ ရိပေါ်ခေါ်လိုက်သည်။

"အား....အား...သေပါပြီ...."

‌‌ အော်သံနှစ်ခုကတပြိုင်ထဲလိုလိုပဲ ရိပေါ်ထံမှ ထွက်လာသည်။လက်ကနေဆွဲဆောင့်ခံလိုက်ရ၍ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်မှောက်ယက်လေးကျသွားရပြီး ထိုဆုပ်ကိုင်ခံထားရတဲ့လက်ကိုပဲ ကျောနဲ့ကပ်၍ လိမ်ထားသည့်အပြင် သူ့ကိုယ်လုံးနဲ့ပါတက်ဖိထားသဖြင့် အောက်ကရိပေါ်မှာ မရှုနိုင်မကယ်နိုင်...။

အဖြစ်ပျက်တို့ကလျှင်မြန်လွန်းစွာ။ တိုက်ခိုက်ရေးနဲ့နေသားကျနေပြီးသူမို့ သတိလက်လွတ်တုန့်ပြန်မိသည်။သူ့ကိုယ်လုံးအောက်က ခေါင်းလုံးဝါဝါလေးကို မြင်လိုက်ရသလို အသံစာစာလေးပါကြားနေရသည်မို့ အလျင်မြန်ထလိုက်ကာ

"ဟာ ပေါက်စီလုံးရာ....ကျွတ်...ထ ထ..."

ရိပေါ်ကိုယ်လုံးလေးကို ပုခုံးကနေဆွဲထူလို့ ထိုင်ခိုင်းထားရပြီး မျက်နှာလေးကို ဆွဲလှည့်ရင်း ထိခိုက်မှုရှိမရှိကို ရှောင်းကျန့်မှာ စစ်ဆေးရသည်။

"Sorryပါကွာ....အရမ်းနာသွားလား...."

ရေစပ်နားဖြစ်တာမို့ စွတ်စိုသောမြေသားတွေပေါ် မှောက်ထားရသည့်ရိပေါ်အင်္ကျီရင်ဘတ်တခုလူံးမှာ ရွံ့တွေပေကျံသွားသလို ရေထဲကျနေသည့် ခြေထောက်တို့ကြောင့် ဘောင်းဘီအနားစတွေက ရွဲရွဲစိုနေသည်။ဗွက်အိုင်ထဲ လူးလှိမ့်ထားတာကမှ ဒီထပ်ကြည့်ကောင်းဦးမည်။

"အခုမှ ဘာမှလာမမေးနဲ့....လူကိုအသေသတ်ဖို့လုပ်နေတာ....ဘယ်အချိန်ထဲကများ သတ်ဖို့ကြံစည်ထားတာလဲ...."

မျက်ဝန်းညိုညိုတို့်မှာ မျက်ရည်တွေရစ်သိုင်းနေပေမဲ့ ကျားရိုင်းလေးလို ပြန်အော်သည့်ရိပေါ်ကြောင့် ရှောင်းကျန့်ရှင်းပြဖို့ ကြံရွယ်မိသည်။

"မဟုတ်ဘူး...."

"ဒီလောကကြီးထဲမှာ ဝမ်ဝမ့်ကို ဘယ်သူကမှ ရှိမနေစေချင်တော့ဘူးလား....အီး...ဝမ်ဝမ့်ကို ဘယ်သူကမှ ဟင့် အသက်မရှင်စေချင်ကြတော့ဘူးလား.....ဖေဖေရယ် ဝမ်ဝမ့်ကို အင့် ဒီဒုက္ခတွင်းထဲကနေ မြန်မြန်လာကယ်ပါတော့....."

ကျနော့်ချစ်သူ ရွှေမင်းသားHikayelerin yaşadığı yer. Şimdi keşfedin