Chapter 14

613 103 111
                                    

"ဘာဖြစ်တာလဲ...."

"ကိုက်တယ်....ကိုက်တယ်...အား...."

ရှောင်းကျန့်ကိုပြန်ဖြေရင်း လည်ပင်းက မီးစနဲ့ထိုးလိုက်သလို ပူ‌ခနဲဖြစ်သွားပြီး တဆစ်ဆစ်နာကြင်လာရသည်။

လည်ပင်းကိုဖိကိုင်ထား‌သောရိပေါ်လက်တဖက်ကို ရှောင်းကျန့်ဆွဲဖယ်ပေမဲ့ မရတာကြောင့် အတင်းဖယ်လိုက်တော့ ခနလက်လွတ်သွားသည်။သို‌ေပမဲ့ချက်ချင်းပြန်ဖိထားသည့် ရိပေါ်ကြောင့်

"ဘာဖြစ်တာလဲ ကျုပ်ကြည့်ဦးမယ်....အတင်းဖိမထားနဲ့လေ...."

"အီး ဟီး မြွေကိုက်တာ....အဆိပ်တက်လာပြီထင်တယ်.....လက်ဖယ်လိုက်တာနဲ့ကို နာတာ...."

မျက်ရည်မလွယ်ပေမဲ့ သေရတော့မည်ဆိုတဲ့အသိကြောင့် ဒူးတွေပင်မခိုင်တော့ဘဲ မြေကြီးပေါ်ထိုင်ချလိုက်ရင်း ဟီးခနဲငိုချလိုက်သည့်ရိပေါ်။ပတ်ဝန်းကျင်ကို တချက်ဝေ့ဝဲကြည့်ကာ ရှောင်းကျန့်စူးစမ်းလိုက်တော့ သူတို့အနီးအနားက သစ်ပင်ကြီးပေါ်မှာ ပျားအုံကြီးတခုကိုတွေ့လိုက်ရသည်မို့ ရိပေါ်ဘာဖြစ်တယ်ဆိုတာ ခန့်မှန်းမိသွားသည်။

ပြုံးစိစိမျက်နှာဘေးဖြစ်သွားသောရှောင်းကျန့်က ရိပေါ်ဘေးမှာ ဒူးတ‌ဖက်ထောက်ထိုင်ကာ

"မျက်လုံးတွေပြာမလာဘူးလား....ရေငတ်တာတွေဘာတွေရော ဖြစ်နေသလား....စမ်းချောင်းကိုပြန်ဆင်းလို့ရတယ်....အင်း လည်ပင်းကစပြီးအဆိပ်တက်တာဆိုတော့ ငယ်ထိပ်ကိုတန်းရောက်မှာ သေချာတယ်....ဆေးမီအောင်ပြေးနိုင်ဖို့ မလွယ်တော့ဘူး ဘယ်လိုလုပ်ကြမလဲ...."

လူကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်ကာ ခြောက်သွေ့နေသောနှုတ်ခမ်းကို လျှာသပ်လိုက်နဲ့ အဟုတ်ထင်နေသော ရိပေါ်ကြောင့် ရှောင်းကျန့် ဘယ်လိုမှမထိန်းနိုင်ဘဲ တဟားဟားအော်ရယ်မိသွားသည်။

"ခင်ဗျား....မကောင်းတဲ့လူ....လူကိုလှောင်နေတာ...."

ရှက်လဲရှက်၊စိတ်လဲတိူသွားရကာ ရိပေါ်အော်လိုက်တော့

"မင်းကို လှောင်တာမဟုတ်ဘူး....ရယ်ချင်လို့ကို ရယ်တာ....sorry...."

ငိုရှိုက်ရင်းပြောနေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်ရဲ့ရယ်နေသောမျက်နှာက ချက်ချင်းတည်သွားသည်။သူမတ်တပ်ရပ်ပြီး ဆွဲထူလိုက်တော့ ရိပေါ်ပါ မတ်တပ်လေးဖြစ်သွားသည်။သိူ့သော်ကိုင်ထားတဲ့လက်ကို ပြန်ရုန်းလိုက်ရင်း

ကျနော့်ချစ်သူ ရွှေမင်းသားWhere stories live. Discover now