Chapter 4

611 98 105
                                    

ရှန်ဟိုင်းဘူတာရုံကနေ တငြိမ့်ငြိမ့်ထွက်ခွာလာတဲ့ရထားကြီးပေါ်ဝယ်လိုက်ပါလာသော ရိပေါ်တယောက် ရထားပြူတင်းမှတဆင့် အပြင်ဘက်ရှုခင်းများကိုငေးမောရင်း လိုက်ပါလာခဲ့သည်။

*ဘယ်လောက်အရေးကြီးတဲ့ကိစ္စမို့ အန်ကယ်လ်က ဖေဖေ့ကိုတကူးတက အခေါ်လွတ်ရပါ့လိမ့်.....သူကိုယ်တိုင်လာလဲ ရနေသားနဲ့....*

ဖေဖေ့က်ို ဖုန်းဆက်ကာ ‌လော့ရန်ကိုလာခဲ့ရင် အရေးတကြီးပြောလာခဲ့သည့် အန်ကယ်လ်ဝမ်ရိုဟန်ကြောင့် ခရီးသွားဖို့ အသင့်ပြင်နေဆဲမှာပင် ပွဲရုံ၌အရေးကြီးကိစ္စပေါ်လာ၍ ဖေဖေ့ကိုယ်စားရိပေါ်သွားဖို့ဖြစ်လာခဲ့သည်။

"ရိပေါ်...."

ရုတ်တရက်ကြီးကြားလိုက်ရတဲ့ ခေါ်သံကြောင့် အတွေးကောင်းနေရာမှ ရိပေါ်မော့ကြည့်လိုက်တော့ ဟိုလူရှောင်းကျန့်ဖြစ်နေသဖြင့် အံ့ဩသွားမိသည်။

"ဟင် ခင်ဗျား...."

"အချစ်လေးရယ် ကိုယ်တောင်းပန်ပါတယ်ကွာ....အဲ့လိုတော့ ထွက်မသွားပါနဲ့....."

လူကိုမျက်နှာငယ်လေးနဲ့ကြည့်ရင်း အချစ်တွေဘာတွေခေါ်ကာ ပြောနေသည့် အနှီလူကြောင့် ရိပေါ် ‌စိတ်တိုသွားရပြီး

"ခင်ဗျား ဘာစကားပြောတာလဲ....ဘာလဲ ဘာသဘောလဲ....ကျနော့်ကိုလူကြားထဲမှာ အရှက်ခွဲနေတာလား....."

ရွှေမင်းသားကတော့ သူ့မူအတိုင်း ကဲကဲဆတ်ရန်လုပ်နေသဖြင့် အခွင့်အလမ်းပိုသင့်ကာ အဆင်ပြေသွားသူက ရှောင်းကျန့်သာ။ရိပေါ်ဘေးမှာထိုင်နေသည့် ခရီးသွားအန်တီကြီးသာမက အနီးအနားရှိလူတွေက သူတို့နှစ်ယောက်ကို အထူးအဆန်းလိုကြည့်နေကြသည်မို့

"သူက ကျနော့်အိမ်သားပါ....ကျနော်နဲ့စကားများပြီး အိမ်ပေါ်ကဆင်းသွားလို့ လိုက်ခေါ်တာပါခင်ဗျာ....အန်တီ စိတ်တော့မရှိပါနဲ့....ကျနော့်ကို နေရာလေးလဲပေးလို့ရမလား.....ဟိူဘက်ခုံက ကျနော့်နေရာပါ....."

ထိုအခါမှ ကျန်လူများကလဲ ပြုံးစိစိနဲ့ ပြန်လှည့်သွားကြသည်။ရိပေါ်ဘေးက အန်တီကြီးကို နေရာလဲခိုင်းနေသလို မဟုတ်တာတွေလျှောက်ပြောနေသည့် ရှောင်းကျန့်ကြောင့် ရိပေါ်မှာ ဒေါသဖြစ်ဖြစ်နဲ့

ကျနော့်ချစ်သူ ရွှေမင်းသားWhere stories live. Discover now