Chapter 5

505 84 53
                                    

"Mr.ဝမ်တို့က တူလေးကိုတော့ အတော်ချစ်ပုံပဲ....ထောင်ချီတန်တဲ့ လက်စွပ်တကွင်းကို ရက်ရက်ရောရောပေးထားတာ....ထားပါ အဲ့ဒါတွေက အခု မင်းဦးလေးနဲ့ ဘယ်မှာချိန်းထားတာလဲ....အမှန်အတိုင်းပဲကြားချင်တယ်....."

ကားထွက်လာတာ တော်တော်ကြာမှ လက်ကိူသေချာကြည့်ကာ မေးလာသည့်ရှောင်းကျန့်စကားတွေကို ရိပေါ်သေချာနားမလည်ပေမဲ့ လက်စွပ်ကိုပြောနေမှန်းတော့သိသည်။ထို့ကြောင့် ဝတ်ထားသည့် ပတ္တမြားလက်စွပ်ကိုချွတ်ကာ

"ဒီလက်စွပ်ကို လိုချင်ရင် ယူပါ....ငါ့မှာ တခြားတန်ဖိူးကြီးပစ္စည်းတွေလဲ ပါ,ပါသေးတယ်....အဲ့ဒါတွေပါ ယူထားလိုက် ပြီးရင်တော့ ငါ့ကိုအေးအေးဆေးဆေးပြန်ခွင့်ပြု...."

ထိုစကားကြောင့် ရှောင်းကျန့်မျက်လုံးတွေက ရိပေါ်မျက်နှာလေးဆီ တန်းခနဲရောက်လာခဲ့သည်။စူးရှသည့်မျက်လုံးတွေကို သဘောမကျ‌ပေမဲ့ အခုလောလောဆယ်ကိုယ်က သူ့လက်ခုပ်ထဲကရေဖြစ်နေသည်။

"မင်းဦးလေး ကျုပ်တို့ဆီကနေ အပျောက်ရိုက်ထားတာတွေပဲ လိုချင်တာ.....မင်းဆီကရချင်တာမဟုတ်ဘူး....ရှိလာခဲ့ရင်တောင် ရတနာပစ္စည်းမဟုတ်မှာသေချာတယ်...."

စီးကရက်‌ငွေ့တွေကို ရိပေါ်မျက်နှာ‌‌လေးဘက်သို့ မှုတ်ထုတ်လိုက်ပြီး တကိုယ်လူံးကို စူးစူးရှရှကြည့်ကာ ပြောနေသည့် ရှောင်းကျန့်ကြောင့် ဒေါသတော်တော်ဖြစ်သွားမိကာ တန်ပြန်စိုက်ကြည့်ရင်း အံ့ကျိတ်လိုက်မိသည်။

"ခင်ဗျား....စကားပြောတာ မမိုက်ရိုင်းနဲ့...."

ရှက်ဒေါသသံခပ်စွာစွာလေးထွက်လာ၍ မထိမရိပြုံးနေရာမှ ချက်ချင်းတည်သွားသည့် ရှောင်းကျန့်က

"အဲ့လိုလုပ်စမ်းပါ....အခုမှ ဝမ်သခင်လေးအစစ်ကိုပြန်မြင်ရတော့တယ်....မင်းဦးလေးဘယ်မှာလဲ....ဘယ်မှာ ဆုံမယ်ပြောထားလဲသာ ဖြေ...."

"မသိဘူး...."

ရိပေါ်ရဲ့အဖြေကတုံးတိတိ။သို့ပေမဲ့ ရုပ်တည်ကြီးနဲ့စိုက်ကြည့်နေသည့်ရှောင်းကျန့်အပြင် အရှေ့ခန်းမှာထိုင်သည့် ကျန်းချန်ကပါလှည့်ကြည့်လာတာကြောင့်

ကျနော့်ချစ်သူ ရွှေမင်းသားOn viuen les histories. Descobreix ara