Chapter 8

613 96 56
                                    

"ဝမ်ကျယ်....သား...."

"ဖေဖေ....ဝမ်ဝမ့်ကိုလာကယ်တာလားဟင်....ဒီနေရာကြီးကနေ မြန်မြန်ခေါ်သွားပါ ဖေဖေရယ်.....ဝမ်ဝမ်ကြောက်တယ်....."

အိပ်နေလျက်သားကနေ ရှိုက်ငိုရင်း အဖေဖြစ်သူကို တမ်းတနေသော ရိပေါ်မှာ ဘယ်လောက်တောင် ထိတ်လန့်ကြောက်ရွံ့နေမလဲ‌ဆိုတာ မေးစရာမလို။သူ့မျက်ရည်တွေကသက်သေခံနေသည်မို့ ရှောင်းကျန့်စိတ်မကောင်းဖြစ်ရသည်။

"ရိပေါ်....ရိပေါ်...ပေါက်စီလူံးလေး...."

တစုံတယောက်က ကိုယ့်နာမည်ကိုခေါ်နေသလို ခန္ဓာကိုယ်ကိုပါ လှုပ်နှိုးနေသဖြင့် မှေးမှိတ်ထားတဲ့မျက်ဝန်းတွေကို ရိပေါ်ဖွင့်ကြည့်လိုက်တော့ ကိုယ့်ရှေ့မှာထိုင်နေသော ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။

"ဖေဖေ....ဖေဖေရောဟင်...."

အိမ်မက်ကို အပြင်မှာတကယ်ထင်နေဆဲ ရိပေါ်ရဲ့ မျှော်လင့်ချက်များနဲ့ပြည့်နေသော ခပ်တိုးတိုးစကားသံလေးကြောင့် ရှောင်းကျန့်ရင်ထဲ နင့်သွားရသည်။

"မင်း အိမ်မက်,မက်နေတာပါ ပေါက်စီလုံးရယ်....ဒီနေရာမှာ ကျုပ်တို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိပါဘူး...."

"အိမ်မက်....ဒါဆို ဖေဖေက ဝမ်ဝမ့်ကိုလာခေါ်တာ တကယ်မဟုတ်ဘူးပေါ့...."

စိတ်ပျက်အားငယ်သွားသည့် မျက်နှာလှလှလေးကမဲ့ကျသွားပြီး မျက်ရည်တွေက တသောသောကျလာသောရိပေါ်ကြောင့် ဘဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိသည့် ရှောင်းကျန့်မှာ အသံတိတ်သာငေးကြည့်နေမိသည်။ဒီမှာ ဒီအတိုင်းဆက်ရှိနေ၍မဖြစ်တာကြောင့် ရှောင်းကျန့် အနိုင်နိုင်မတ်တပ်ရပ်လိုက်ရင်း

"ကျုပ်တို့သွားရအောင်.....ဟိူလူတွေတခေါက်ပြန်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်....ထ သွားရအောင်နော်...."

ရိပေါ်ကို ချော့ချော့မော့မော့နဲ့ ရှောင်းကျန့်ပြောလိုက်တော့ အငိုမျက်လုံးလေးများနဲ့မော့ကြည့်ကာ ခေါင်းငြိမ့်ပြလာသည်။ဝေလီဝေလင်းမနက်ခင်းလေးမှာ တောနံ့သင်းသည့် လေနုအေးအေးတွေတိုက်ခတ်နေပေမဲ့ အေးရကောင်းမှန်း မသိဘဲ ရိပေါ်မျက်ရည်တွေကို လက်ခူံလေးဖြင့် ဖြစ်သလိုဆွဲသုတ်လ်ုက်ပြီး ထရပ်လိုက်သည်။

ကျနော့်ချစ်သူ ရွှေမင်းသားWhere stories live. Discover now