Chapter 3

650 100 58
                                    

"လှလိုက်တာ....."

"ဟုတ်ပါ့....ဒါ ဖေဖေ့ကို အန်ကယ်လ်က လက်ဆောင်ပေးတာပေါ့နော်...."

ဝမ်ချီရန်ကို ညီဖြစ်သူဝမ်ရိုဟန်က ကျောက်အောင်သဖြင့် လက်ဆောင်ပို့ပေးလိုက်သည့်ပတ္တမြားလက်စွပ်လေးကို ရိပေါ်တို့ညီအကိုနှစ်ယောက်မှာ တယောက်တလှည့်ဝတ်ကြည့်ရင်း သဘောကျနေကြသည်။

ကျောက်မျက်ရတနာအကြောင်း နားမလည်သည့်သူတို့တောင် တန်ဖိုးကြီးမှန်းသိနေကြလျှင် ကျောက်မျက်အကြောင်းတကယ်တက်ကျွမ်းနားလည်သူ‌‌တွေထံဆို သိန်းရာချီမကတန်မည်မှာ မလွဲပင်။

ခိုသွေးရောင်တောက်နေသည့်ပတ္တမြားကို ရွှေထဲမြှုပ်ထားသည်မို့ ပုံစံကရိုးရှင်းပေမဲ့ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်လို့ပြောရမလား....ပတ္တမြားရဲ့အရည်အသွေးကြောင့် လက်စွပ်လေးက အမြင်မှာ လှပတင့်တယ်နေသည်။

"ဖေဖေ....သားလက်နဲ့ လိုက်တယ်မလား....သားယူလိုက်မယ်နော်....သားကြိုက်တယ်...."

လက်စွပ်ဝတ်ထားသည့် ဖြူဖွေးဖောင်းအိနေသော လက်ကလေးတဖက်ကို ထောင်ပြကာ အေးဓားပြတိုက်နေသည့် ရိပေါ်ကြောင့် ဝမ်ချီရန်မှာ သဘောတကျရယ်လိူက်မိကာ

"လိုက်ပါ့ဗျာ....ဝမ်ကျယ်လိုချင်ရင် ယူပေါ့....ဖေဖေပိုင်ဆိုင်တာအားလုံးက ငါ့သားတွေအတွက်ပဲမဟုတ်ဘူးလား....ဒါပေမဲ့ ငယ်လေးက...."

"ကိုလေးလက်နဲ့ပိုလိုက်တယ် ဖေဖေရဲ့....ကိုလေးကြိုက်ရင်ယူပါစေ...."

ထူးထူးဆန်းဆန်းသဘောတွေစွတ်ကောင်းနေသည့် သားငယ်လေးကျင်းရိကြောင့် ဖေဖေဝမ်ချီရန်မှာ မျက်ခုံးတော့ခပ်လှုပ်လှုပ်။ဘာတွေပူဆာဦးမည်မသိ။

"ကိုလေးကို လက်စွပ်ပေးရင် သားကိူလဲ တခုခုပြန်ဝယ်ပေးရမယ်နော် ဖေဖေ...."

အတွေးတောင်မဆုံးရသေးခင်ရမှာဘဲ ပူဆာဖို့စကားစလာသည့် သားတော်မောင်ကြောင့် ဝမ်ချီရန်မှာ ခပ်ပြုံးပြုံးမျက်နှာဖြင့် ကျင်းရိကိုကြည့်ရင်း

"အင်း ငါ့သားကဘာလိုချင်တာလဲ ဖေဖေ့ကိုပြောစမ်းပါဦး...."

"အဟီး...သားက ပြိုင်ကားရချင်တာ....ဝယ်ပေးနော် ဖေဖေ.....ကိုကြီးuniစတက်ထဲက ဝယ်ထားတဲ့ကားကြီးက ဒိတ်အောက်နေပြီ....သားသူငယ်ချင်းတွေဆို ကားကိုကိုယ်တိုင်‌ မောင်းပြီး ကျောင်းလာကြတာ....လုံးဝအမိုက်စား၊အလန်းစားတွေပဲ စီးကြတာ....သားကိုအိမ်ကအကြိုအပို့လုပ်ပြီးကားက ဒိတ်အောက်ကြီး....ဝယ်ပေးပါ ဖေဖေရယ် နော်...."

ကျနော့်ချစ်သူ ရွှေမင်းသားWhere stories live. Discover now