6.8K 420 13
                                    

အကြည့်ချင်းဆုံလျှင် ဆုံချင်း ချက်ချင်း ပြန်လွှဲသွားတဲ့ မျက်လုံး​လေးတွေ။ ဖျပ်ခနဲသာ ဖမ်းမိတတ်တာမို့ မချိတင်ကဲ​ဖြစ်မိတာ အခါခါ။ မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းပေါက်လို့ ဆိုကြပါတယ်။ နှုတ်ကနေ ဖွင့်ပြောဖို့ အခွင့်အရေးမပေးတဲ့ ကပ်စေးအိုးလေးက စိတ်ရဲ့ပြတင်းကိုလည်း ကောင်းကောင်းအသုံးချခွင့်မပေး။

တကယ်ဆို နှုတ်ကနေ တဆင့် ပြောမှ၊ မျက်လုံးကနေ တဆင့် နက်ရှိုင်းတဲ့ မေတ္တာတွေဖော်ပြနိုင်တာမဟုတ်၊ ခံစားချက်ဆိုတာ ထိန်းချုပ်ရခက်လွန်းတဲ့အရာမို့ သူ့ရဲ့ ကိုယ်အမူအရာ၊ စကားအသွားအလာတွေမှာ မြတ်နိုးမှုတွေ အထင်းသားဆိုပေမဲ့ တစ်ဖက်သားလေးက မသိချင်ယောင်ဆောင်နိုင်လွန်း အားကြီးတယ်။

သွယ်ဝိုက်သောနည်းနဲ့ ဖော်ထုတ်ပြခွင့်မရရင် တိုက်ရိုက် ရှေ့ဆက်တိုးမယ်ဆိုတော့လည်း ရှောင်ပတ်ပြေးနဲ့ ဒီ ၂ ခုက လုံးချာလည်လိုက် မုန့်လုံးစက္ကူကပ်ဒုက္ခကို မကျော်လွှားနိုင်တာ အချိန်တစ်ခုထိ ကြာလှပြီ။

''ဟန်ဘင်း စတော့လေ''

ဟွဲထက်ဟျောင်းက ခပ်တိုးတိုး လက်တို့လာပြီမို့ ဂီတာကို ကြိုးသေချာပြန်ညှိပြီး

''သီချင်းနာမည်က ရိုးရိုးလေးပါပဲခင်ဗျ''

''ပြောကြည့်လေ ရင်ထဲ ပေါ့သွားတာပေါ့''

လူအုပ်ထဲက ငရွှတ်ကျောင်းသားတစ်ယောက် အော်သံနဲ့အတူ ဝေါခနဲ ရယ်သံတွေ ထွက်လာတယ်။ လိုက်မရယ်နိုင်၊ သူက တကယ့် ဝေဒနာသည်၊ ရင်ထဲပေါ့သွားအောင် မပြောရရင် ကြာလေ ရောဂါတိုးလေ ဖြစ်လာတော့မှာ။

စင်အောက်က ကျောင်းသားတွေအားလုံး သူ့ကို ကြည့်နေကြပေမဲ့ တစ်စုံတစ်ယောက်ကတော့ ခေါင်းလေးကို ငုံ့ထားဆဲ။ တယုတယ မြတ်နိုးရတာမို့ ဆံပင်အုပ်အုပ်ကလေးကိုပဲ မြင်နေရတာတောင် ရင်ထဲ တသိမ့်သိမ့်ဖြစ်လာတယ်။

''ဟျောင့် ဆက်ပြောလေဟ''

ဘေးမှ ဂျောင်ဝူးဟျောင်းက အသံ ခပ်ကြိတ်ကြိတ် ဆိုလာတဲ့နောက်

''အင်း... ရင်ထဲပေါ့သွားအောင် ပြောကြည့်ပါမယ်နော်... ချစ်တယ်''

အချစ်ရက်စွဲများWhere stories live. Discover now