3.4K 385 88
                                    

''ဟျောင်း ရှေ့ကြည့်နင်း''

စက်ဘီးနင်းရင်း လမ်းတလျှောက် ဖြတ်ကျော်ခဲ့ရတဲ့ တော့ပိုကီဗန်းတွေဆီက အကြည့်မခွာနိုင်၊ ငါးပေါင်မုန့်ပူပူလေးတွေကို လှည့်တကြည့်ကြည့် နင်းနေတဲ့ ကျန်းဟာအိုလေးက သူ မဟုတ်သလိုနဲ့

''ဘာမှ မကြည့်ပါဘူး’'

ဗြောင်လိမ်ဗြောင်ငြင်းလေးလုပ်ပုံက ထပ်ပြီး ဖြတ်ခဲ့ပြန်တဲ့ အငွေ့တထောင်းထောင်း ကန်စွန်းဥပြုတ်တွေကို သမင်လည်ပြန်ကြည့်လိုက်သေး။

“ဟင်း…”

ဒီသက်ပြင်းလေးက မစားရအညှော်ခံနေရတဲ့ ကန်စွန်းဥပြုတ်ကြောင့် ချတာ မဟုတ်ဘူးလား။ အဲဒါကို သူ ရယ်တော့

“ဘာလဲ၊ ဒီတိုင်း ပါးစပ်ထဲ လေတွေပြည့်လာလို့မှုတ်ထုတ်တာပါနော်”

“အော”

တသက်လုံး ဘယ်သူကိုမှ မလိမ်ဖူးမှန်း သိသာလိုက်တာ။ မလုံမလဲလေးနဲ့

“ကန်စွန်းဥပြုတ် တကယ်မစားချင်ပါဘူး”

လှိုက်တက်လာတဲ့ ရယ်ချင်စိတ်ကို အောင့်အည်းပြီး

“ဟုတ်မှာပါ။ ဟုတ်မှာပါ”

“ဟန်ဘင်း စားချင်ရင်တော့ ပြောနော်။ ဟျောင်း ရပ်ပေးမယ်”

“လုံးဝ မစားချင်ဘူး”

ခါးသေးသေးလေးဆီ ဖက်တွယ်ထားတဲ့ သူ့လက်ကို ရိုက်ချလာတာ ဆတ်ခနဲ။

“ဟောဗျာ”

“မသိတတ်တဲ့ကလေး”

လူကြီးလေးကြောင့် ရယ်ရတာမပြတ်လွန်းလို့ အသက်ရှည်ရဦးမယ်။ တစ်သက်လုံး​​ပျော်ချင် သစ်ပင်စိုက်တဲ့၊ အဲဒီ့ထဲ အသက်ဝင်နေတဲ့ ပဲညှောင့်ပင်ပေါက်ကလေးတွေရော ပါသလား။

သမင်လည်ပြန်လု​ပ်ခြင်းရဲ့ အကျိုးကို ကျန်းဟာအိုလေး ခံစားရပါတယ်။ သူကတော့ အလိုလိုက်မိတဲ့ အကျိုးဆက်ကို ခံစားရပါတယ်။ ရှားတောင့်ရှားပါး ခါးလေးကို ဖက်တွယ်ခွင့်ရထားတဲ့ လက်က ကန်စွန်းဥကို ကိုင်ပေးထားရမယ်လို့ ထင်မှမထားတာ။

“ဟန်ဘင်း… အာ”

ပါးစပ်ကလေးဟပြီး လှည့်လာတော့လည်း ကန်စွန်းဥတွေကို ကလေးကလား ကြိတ်ရန်လုပ်‌နေရတဲ့ ကောင်မှာ ငါးနှစ်သားသဖွယ် လူကြီးလေးရဲ့ အုပ်ထိန်းသူအဖြစ် အသွင်ပြောင်းရပြန်တယ်။

အချစ်ရက်စွဲများWhere stories live. Discover now