2.7K 339 40
                                    

အဆောင်ထိ ရောက်ပြီးသွားတဲ့နေ့ကစလို့ ဆောင်းဟန်ဘင်းတစ်ယောက် မနက်တိုင်း မျှော်တော်ယောင်လုပ်နေကျနေရာကို ပြောင်းတယ်။ ကျောင်းပေါက်က အုတ်ခုံကို စွန့်ပစ်လိုက်ပြီး အဆောင်ရှေ့ရှိ သစ်ပင်ကြီးအောက်က ခုံတန်းလျားလေးမှာ နယ်မြေအသစ်စိုက်ထူတယ်။

သူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရောက်လာရတဲ့ အကြောင်းအရင်းကို တဆောင်လုံးက ရိပ်မိပေမဲ့ ထုံးစံအတိုင်း ထိုအထဲမှာ ကျန်းဟာအိုလေးတော့ မပါ။

''ဟန်ဘင်း ဘယ်ကဘယ်လို ရောက်လာလဲ''
''ရှေ့ကဆိုင်မှာ နွားနို့ဘူးလာဝယ်တာ''
''ကျောင်းရှေ့က ဆိုင်မှာလည်း အဲဘူးရှိတယ်လေ။ ပင်ပန်းအောင်လို့''
''ဒီဆိုင်က ပိုကောင်းတယ် ဟျောင်းရဲ့''

''ဟင် ဟန်ဘင်း ရောက်နေတယ်''
''မျက်စိလည်လာတာ''
''ဟုတ်ပ ဒီနားက လမ်းတွေက နည်းနည်း ရှုပ်တယ်နော်''

''ဟန်ဘင်း ရောက်နေပြန်ပြီ''
''ကျန်းမာအောင် လမ်းများများလျှောက်ချင်လို့''
''ကျန်းမာအောင်က လမ်းလျှောက်ရုံနဲ့မရဘူး။ အစားအသောက်ကလည်း အရေးကြီးတယ်။ မားမားက ပြောတယ် ကျန်းမာချင် မုန်လာဥနီ များများစားပေးရတယ်တဲ့''

သူ့ကို ပြန်ကျပ်နေတာလား ထင်လိုက်မိပေမဲ့ မဟုတ်။ သူပြောသမျှ တကယ် ယုံကြည်ဟန် အတည်ပေါက်ပြောနေတဲ့ မျက်နှာလေးက ဘာကာလာမှ မပါ ပကတိရိုးရှင်းလျက်သား။

ကွေ့ဝိုက်နေမိလို့များ ကျန်းဟာအိုလေး မသိလေသလား တွေးမိကာ တည့်တည့် ပြောဖို့ ဆုံးဖြတ်လိုက်တဲ့ တစ်ရက်

''ဟျောင်းကို လာကြိုတာ''

''ဟန်ဘင်း၊ ဟျောင်းကို ညာတယ်''

''ဗျာ''

''လက်ထဲမှာ နွားနို့ဘူး ကိုင်ထားပြီး''

တကယ်စိတ်ဆိုးနေဟန် ဘဲပိကျိမျက်နှာပေးနဲ့ နွားနို့ဘူးကို မေးငေါ့ပြပြီး ဆက်ဆိုတယ်။

''အဆောင်ရှေ့ဆိုင်က နွားနို့ လာဝယ်ရင်း ​ကြုံလို့ဆိုတာ ဟျောင်းက မသိဘဲနေမယ်''

ဒီလို ကျန်းဟာအိုလေးနဲ့တော့ ရှေ့ဆက် ဘယ်လိုများ နှစ်ပါးဆက်သွားရမလဲ။

အချစ်ရက်စွဲများWhere stories live. Discover now