2.9K 348 24
                                    


''ပိတ်ရက် အဆောင်မှာပဲ အောင်းနေတာ မပျင်းဘူးလား''

''နည်းနည်း''

''ကျွန်တော်က ပိတ်ရက်ဆို မေမေ့ကို နားခိုင်းပြီး အိမ်က ကော်ဖီဆိုင်ထိုင်ပေးနေကျ။ ဟျောင်းလာမလား''

''လာလို့ရလားဟင်''

''သေချာပေါက် ရတာပေါ့''

''စာလုပ်စရာနေရာရော ရှိလား''

''ဆိုင်က လူကျမှသာ၊ မဟုတ်ရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ။ လာမယ်မလား''

ဒီလိုနဲ့ မီးစိမ်းပြလို့ အကြိုတော်ပြုဖို့ ဆိုင်ကို ခဏပိတ် အသောနှင်ခဲ့တာ ကျန်းဟာအိုလေး ရှိရာဆီ။

သူရောက်သွားတော့ ကျန်းဟာအိုလေးက အဆောင်ရှေ့မယ် အဆင်သင့်။ ဖုန်းလေးတကြည့်ကြည့်။

(ဟန်ဘင်း လာပြီလား)

စက်ဘီးနင်းနေတုန်းက ဝင်ထားတဲ့ စာကို ခပ်သွက်သွက် ပြန်လိုက်တယ်။

(ကြာရင်လည်း ကြာမယ် ဟျောင်း)

သူ ပြန်လိုက်တဲ့စာ seen ပြသွားပြီးနောက် အဆောင်ရှေ့မှာ မတ်တပ်ကလေး ဖုန်းငုံ့ကြည့်နေတဲ့ ကျန်းဟာအိုက ညာဘက် အင်္ကျီလက်ကို အကျအန လိပ်တင်တယ်။ မသိရင် အင်မတန် ရှုပ်ထွေးမယ့် အလုပ်တစ်ခုကို လုပ်ရတော့မှာမို့ လက်တွေကို ပင့်တင်လိုက်သလိုလို။ အကြောင်းသိ​နေတဲ့ သူ့မှာ ကြိတ်ရယ်ရတယ်။ စာလေးတစ်စောင်ရိုက်ဖို့ရာ ကျန်းဟာအိုလေးက ဒီပုံဒီနည်းလည်း တိုက်ပွဲဝင်ရသေးတယ်။

မကြာလိုက် ကျန်းဟာအိုရဲ့ ညာဘက် လက်ညိုးလေး တရွေ့ရွေ့ လှုပ်နေတာ မြင်ရပြီး သူ့ဖုန်းမျက်နှာပြင်ပေါ်မှာလည်း အစက်ကလေး သုံးစက် ပြေးလွှားလာတယ်။

ကျန်းဟာအိုက အားလုံးကို ပုံစံခွက်လေးနဲ့ ပုံစံချထားသလား အောက်မေ့ချင်စရာ။ စကားကို တစ်လုံးချင်းဖြည်းဖြည်းအေးအေးလေး ပြောသလိုပဲ စာကိုလည်း လက်ညိုးလေးတစ်ချောင်းတည်းနဲ့ ဖြည်းဖြည်းလေး တစ်လုံးချင်း ရိုက်တတ်တာ။

ပြောချင်တဲ့စကားက စာ​လေး ဆယ်လုံးလောက်ထိ မရှည်လိုက်နဲ့ အစက်ကလေးသုံးစက်မှာ အချိန်အတော်ကြာသည်ထိ ပြေးလိုက်ရတာ ဖက်ဖက်မောအောင်။ ကျန်းဟာအိုလေး စကားလုံး ရှာမရဖြစ်သွားတဲ့အချိန်ဆိုရင်တော့ ထိုညီနောင်သုံးဖော်ခမျာ နားရပါတယ်။

အချစ်ရက်စွဲများWhere stories live. Discover now