Final

4K 383 46
                                    

''ဟျောင်း''

ဆောင်းဟန်ဘင်းအသံကြားတာနဲ့ ယွန်းဂျောင်ဝူးက ဘောက်ဆတ်ဆတ် ပြန်ထူးတယ်။

''ဘာလဲ''

''ဘာတွေ လုပ်နေလဲ''

''အိပ်မလို့ပေါ့ကွ၊ ကျောင်းလာပြီး ဘာလုပ်ရမှာလဲ''

''အဲနားမှာ နေမစူးဘူးလား''

''ငါ့နေရာ နေမစူး...ကျစ်...ဒီခွေးလေးနှယ်''

အမှတ်မရှိ ခံလိုက်ရပြန်တဲ့ ယွန်းဂျောင်ဝူးကို ဟီးခနဲ လှည့်ရယ်ပြပြီး သူ့နား ရောက်လာတယ်။ လူကို ဆူချင်ငေါက်ချင်သလို မျက်မှောင်လေး ကုပ်ကာ ကြည့်လာပြီး ပြတင်းပေါက်နားကနေ ထိုင်ခုံဆီ ပြန်ဆွဲခေါ်တယ်။

''နေပူတာ မကြိုက်ဘူးဆို။ အခုကျ နေပူခံပြီးကို ကွင်းထဲကို ငေးနေတယ်ပေါ့''

''ဘာမှ မဖြစ်ပါဘူး''

''မနက်ခင်းပိုင်း နေကသာ နေပူဆာလှုံလို့ကောင်းတာ ကျန်းဟာအိုကလေးရဲ့။ နေ့လည်နေ့ခင်း နေက အပူရှပ်တတ်တယ်''

လူကြီးလေးလို ချော့မော့ဆိုရင်း သူ့ဘေးနား ကျပ်ကျပ်သပ်သပ် ဝင်ထိုင်တယ်။ နဖူးပေါ် ဝဲနေတဲ့ သူ့ဆံပင်တွေကို လက်ညိုးထိပ်က​လေးနဲ့ ဖယ်ရှားပြီး ချွေးစတွေ ရှိမရှိကို သေချာကြည့်တယ်။

အ​ယောက် ၃၀ နီးပါးခန့်ရှိနေတဲ့ စာသင်ခန်းထဲမှာ သူ့တစ်ယောက်တည်းကိုသာ မြင်သလို၊ သူတစ်ယောက်တည်းပဲ ရှိနေသလို။ ဒီအပြုအမူတွေကို သူတင် ကျင့်သားရလာတာ မဟုတ်၊ အတန်းထဲက အတန်းဖော်တွေကပါ ကျင့်သားရလာတာ။ ဘယ်သူကမှ အရေးတယူ အထွေအထူး ဖြစ်မနေကြ။

မြေညီထပ်ကနေ တတိယထပ်ကို ချောင်းပေါက်မတတ် လာခဲ့ဖူးတဲ့ အထက်တန်းပထမနှစ်က ​ကျောင်းသားလေးဟာ အထက်တန်းဒုတိယနှစ် ကျောင်းသားကြီးဖြစ်လာတော့လည်း စာသင်ခန်း ၂ ခန်းကို  ခေါက်တုံ့ခေါက်ပြန်ကူးဆဲ။ အတန်းတဖြတ် နားတဲ့ အားလပ်ချိန် ပိစိလေးတွေတိုင်း ရောက်လာပြီး သူ့ဘေးနားမှာသာ ကပ်နေတတ်တယ်။ အနားမှာ နေရရင်ပြီးရော တစ်ခုမဟုတ်တစ်ခု ရှာကြံ လုပ်နေတတ်တယ်။ လုပ်စရာမရှိရင် သူ့မျက်နှာကို ထိုင်ငေးနေလိမ့်မယ်။ မပင်မပန်း မပျင်းမရိ။

အချစ်ရက်စွဲများOpowieści tętniące życiem. Odkryj je teraz