3.1K 359 60
                                    

''x ကို ညီမျှခြင်းရဲ့ တစ်ဖက်ရွှေ့ပြီးတော့''

''အင်း ပြီးတော့ရော''

''ရွှေ့ပြီးတော့.. ရွှေ့ပြီးတော့''

မျက်လုံးမှိတ်စဉ်းစားတယ် အဖြေက ပေါ်မလာ။ မေးခွန်းကို သေချာပြန်ကြည့် စဉ်းစားလည်း အချည်းနှီး။ နာရီတွေ ပြန်ရစ် မြင်ကွင်းအဆင့်ဆင့်နဲ့ နောက်ကြောင်းပြန်ကြည့်တော့

'အီကွေးရှင်းထုတ်တာ လွယ်ပါတယ် ဟန်ဘင်းရဲ့။ ဟျောင်းရှင်းပြမယ် နားထောင်'

အဲအထိ သူ သေချာမှတ်မိပါတယ်။ နောက်တော့.. နောက်တော့ရော အနီးကပ်မြင်ရတဲ့ မှဲ့နက်ကလေးတွေက မျက်လုံးအောက်မှာ တစ်လုံး ပါးပြင်လေးထက်မှာ တစ်လုံး၊ တစ်ခုခုမှာ ဈာန်ဝင်သွားတိုင်း ရှေ့ကို ထွက်လာတတ်တဲ့ အောက်နှုတ်ခမ်းလေး...မဖြစ် မဖြစ် လေ့လာမှတ်သားခဲ့သမျှ ထုတ်ပြောလိုက်ရင် ဒင်းတို့ဆီက မွှန်နေအောင် အဆဲခံရမှာကျိန်းသေ။

''မရတော့ဘူးမလား''

သူ့ကို ဆရာတင်ထားတဲ့ ကောင်တွေက စိတ်ပျက်လက်ပျက် ခေါင်းတခါခါလုပ်လာပြီး

''ဒီလောက်တော့ ငါလည်း တွက်တတ်တယ်''

''ယုံစားမိတဲ့ ငါတို့ကိုက မှားတာ''

''အထင်ကြီးလို့ကို မရဘူး''

အဆင့်တက်ရင် အိမ်တွေကို ဂိမ်းစက်အသစ် ပူဆာမယ်ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကြီးအကောင်အထည်ဖော်ချင် ကိုယ်တိုင်ကြိုးစားကြပါတော့လား။ ကျန်းဟာအိုလေးကို ဘာလို့ အားကိုးသလဲ၊ သူ့ကို သေချာသင်ယူခဲ့ပါဆိုပြီး ဘာလို့ ယုံစားသလဲ။

ချစ်ရတဲ့မျက်နှာလေးကို အနီးကပ်ရှုစား သမာဓိအားကောင်းအောင် မနည်းထိန်းနေရတဲ့အထဲမှာ ဘယ်ကောင်က စာကို သေချာ လိုက်လုပ်နိုင်မှာလဲ ဒါကို မစာမနာ။

''ကျန်းဟာအိုဟျောင်းကို ပြန်တိုင်ရမယ်''

/ကျက်သတုံးတွေ/

စိတ်ထဲကနေသာ ကျိန်ဆဲရဲတာ တကယ်ကြီး အချွန်နဲ့မမယ့် ကောင်တွေမို့ အပြင်မှာတော့ မျက်နှာချိုသွေးရတယ်။ ကျန်းဟာအိုလေး နားထဲ ပြန်ရောက်သွားတဲ့ ရှေ့တစ်ခေါက်တုန်းက သေချာလိုက်နားမထောင်တဲ့ ဒီကောင်ကြီးကို အပြစ်တင်ရမယ့်ကိစ္စမှာ သင်ပေးတဲ့လူ မကောင်းလို့ပါ လိုအပ်ချက်တွေရှိနေတာဆိုပြီး ဒရာမာကင်းလေးလုပ်၊ စိတ်မကောင်းဖြစ်နေခဲ့တာကြောင့် ဒီတစ်ခေါက်တော့ ဒင်းတို့ လုပ်ချင်ရာလုပ်ဆိုပြီး ကျက်သတုံးတသိုက်ကို လွှတ်မထားရဲ။

အချစ်ရက်စွဲများWhere stories live. Discover now