အချပ်ပို

1.6K 233 39
                                    

နာရီဝက်ခြား တစ်ခါလောက် ဖွင့်ကြည့်နေမိတဲ့ ဖုန်းက အခုအချိန်ထိ အဝင်ကောလည်း မရှိ၊ အဝင်မက်ဆေ့လည်း မရှိ။ ဒီစိတ်နဲ့သာဆို စာတူတူလုပ်ဖို့ ရူအီလာတဲ့အချိန် သူတော့ ဆူခံထိတော့မှာ။ ရူအီက သူ စာလုပ်ရမဲ့အချိန် စာမလုပ်နိုင် ပူဆွေးနေတာမျိုးကို အရမ်းမုန်းတာ။

''ရည်းစားပူမိတာ တော်ရုံပဲကောင်းတယ်''

သူ့ကို မြည်တွန်တောက်တီးရုံနဲ့မပြီးဘူး သူ့ကလေးလေးကိုပါ ဖုန်းဆက်ပြီး ဆူလိမ့်မယ်။

ကလေးလေး ..
ကလေးလေးဆိုမှ ဝမ်းနည်းပြီး ငိုချင်လာမိတယ်။

ဖုန်းဆိုတာ အဝင်ကောတစ်ခုတည်းအတွက် သုံးရတာ မဟုတ်မှန်းတော့ သိပါတယ်။ ဒါပေမဲ့ ဟန်ဘင်း သူ့ကို စိတ်ဆိုးနေတယ်လို့ခံစားရတိုင်း ပိုပြီး စိတ္ဆိုးသြားမွာ ကြောက်တာမို့ သူ့ဘက်ကနေ ဖုန်းစမခေါ်ရဲတာ အရင်ကတည်းက။

(ဟန်ဘင်း)

(ဟုတ်)

ပြန်လာတဲ့ စာက သူပို့ပြီး ၅ နာရီကျော်ကြာမှ ဖြစ်နေတာမို့ စာလည်း ရဲရဲမပို့ရဲ။

(ဟျောင်းလေ...

ဆက်ပြောရမဲ့စကားလုံးတွေကို ကောင်းကောင်းမရွေးချယ်နိုင်ဘဲ type လိုက် ပြန်ဖျက်လိုက် လုပ်နေမိတာလည်း ဘယ်နှကြိမ်ရှိပြီလဲတောင် မသိတော့။

နောက်ဆုံးဖုန်းကို ပြန်ပိတ်လိုက်တဲ့အခါ မဲမှောင်သွားတဲ့ စခရင်ထက်မှာ ထင်ဟပ်လာတဲ့ သူ့မျက်နှာကို မြင်လိုက်ရတယ်။ ခါတိုင်းနဲ့မတူတဲ့ သူ့မျက်နှာက သူ့မျက်လုံးထဲမှာတောင် စိမ်းသက်သက်။

ထိုင်ကာ ငေးငိုင်နေမိတုန်း ရူအီရောက်လာတယ်။ ဝင်ဝင်လာချင်းပဲ..

''အဲဒါက ဘာရုပ်လဲ''

သူ့ကို မျက်မှောင်ကြုံ့ကြည့်ပြီး မေးတယ်။

''ရူအီ''

''ပြော.. ခဏလေး .. မပြောခင် မှာဦးမယ်။ ငါက စာလုပ်ဖို့ လာတာနော်။ အဓိပ္ပာယ်မရှိတာတွေ နားထောင်ဖို့ မဟုတ်ဘူး''

''ရူအီကလည်း..''

''ရူအီကလည်း လုပ်မနေနဲ့၊ ပြောစရာရှိတာ မြန်မြန်ပြော''

အချစ်ရက်စွဲများWhere stories live. Discover now