1

906 60 0
                                    

Idolအဖြစ်ပွဲဦးထွက်ဖို့ကြိုးစားနေစဉ်အတွင်း အတွေ့အကြုံရအောင် back dancerအနေနဲ့ဖျော်ဖြေပွဲတွေကိုသွားနေရတဲ့ ဂျောင်ဟျွန်း။

ဒီရက်တွေထဲအိမ်ကခဏပြန်လာခဲ့ပါခေါ်နေတာမို့ မနက်ဖြန်ပြန်ဖို့အတွက် Companyကိုပြောထားပြီး‌ပေမယ့် MVလေးတစ်ခုမှာ ကပြီးမှသွားပါဆိုလာသဖြင့် ဒီအလုပ်ပြီးတာနှင့် ကားဂိတ်သို့တန်းသွားပြီးပြန်ရမည်ဖြစ်သည်။

"အားလုံးပဲ ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ် ပြန်လို့ရပါပြီ"

"ဟုတ်ပြန်လိုက်ပါဦးမယ် ကောင်းကောင်းနေခဲ့ကြပါ"

အလုပ်ပြီးတာနဲ့ အပြေးအလွှားပြန်ဖို့ အဝတ်အစားလဲရသည်။ အဝတ်လဲခန်းက တခြားသူတွေသုံးနေတာစောင့်ရတာကြာတာနဲ့ အနားရှိတဲ့အခန်းတစ်ခုအတွင်းသို့ဝင်ကာ အမြန်လဲပြီး အဝတ်ဟောင်းတွေကိုလဲအိတ်ထဲသို့လုံး၍သာထည့်လိုက်သည်။ ဂျောင်ဟျွန်းမသိလိုက်တာကတော့ အဝတ်ဟောင်းတွေကြားထဲ ညှပ်ပါသွားသော photo albumလေးတစ်ခု။

"ဂျောင်ဟျွန်းဖြေးဖြေးသွားပါဟ"

"ကားနောက်ကျရင်အိမ်ကိုမိုးချုပ်မှရောက်မှာစိုးလို့ဗျ ဒီနေ့တော့အရင်ပြန်နှင့်ပြီနော်"

"အေးအေးဂရုစိုက်ဦး"

အကအဖွဲ့ထဲကအစ်ကိုတစ်ယောက်က‌နှုတ်ဆက်နေတာနဲ့ပဲ အမြန်စကားစဖြတ်ကာသွားလိုက်ရသည်။

အလုပ်ပြီးတာနဲ့ကားစီးလာရတာမို့ ပင်ပန်းနေပြီဖြစ်တဲ့ဂျောင်ဟျွန်းက ကားပေါ်မှာတငြိမ့်ငြိမ့်နဲ့အိပ်ကောင်းနေသည့်အတွက် ဂိတ်ဆုံးနေမှန်းမသိလိုက်ပေ။

"ဂျောင်ဟွန်းနီး ဂျောင်ဟွန်းနီး ထတော့လေ ရောက်ပြီ"

နာမည်ခေါ်ကာလှုပ်နှိုးနေတာကြောင့် ဂျောင်ဟျွန်းနိုးတဝက်ဖြစ်လာပြီး ကားပေါ်မှပြေးဆင်းတော့သည်။ ပြေးဆင်းပါတယ်ဆိုကာမှ ကျောပိုးအိတ်ကအနောက်မှဆွဲထားသလိုဖြစ်နေတာကြောင့် ပြန်လှည့်ကြည့်မိလိုက်တော့ ဘေးခုံမှဆံပင်ဝါဝါတွေနဲ့ကောင်လေးတစ်ယောက်က ဂျောင်ဟျွန်းကျောပိုးအိတ်အဖျားကိုဆွဲထားကာ မော့ကြည့်နေလေသည်။

Kitty Ricky 🐈 (Complete)Onde as histórias ganham vida. Descobre agora