3

413 43 4
                                    

"မမှတ်မိခဲ့တာတောင်းပန်ပါတယ် ငါ့ရဲ့ကြောင်ဝါလေး ရစ်ခီ"

အီဂျောင့်ဆီကကိုယ့်နာမည်ထုတ်ပြောလာတာမို့ အလန့်တကြားနဲ့မျက်နှာကိုကြည့်မိတော့ ရစ်ခီ့ကိုသူခိုးဖမ်းသလိုကြည့်နေတဲ့ အီဂျောင့်အကြည့်တွေ။

"Idol rickyက ဘာကိစ္စတွေရှိလို့များ ကျွန်တော့်အိမ်ကိုလိုက်လာပြီးလိမ်ရတာလဲ"

"ဟို အဲ့တာကလေ ဟိုဟာ"

Traineeဘဝထဲက kpop showပွဲတချို့မှာ back dancerလုပ်နေတဲ့ အီဂျောင့်ကိုသဘောကျပြီး debutမယ့်အချိန်ကိုမျှော်နေရတဲ့အကြောင်း ရစ်ခီပြောပြရင် အီဂျောင်ကယုံပါ့မလားမသိ။

ပြီးတော့ အခုမှပွဲဦးထွက်ခါစဖြစ်သည့်ရစ်ခီ့ကို အီဂျောင်မသိလောက်ဘူးထင်၍ Variety Showလုပ်မည့်နေရာကို ကုမ္ပဏီကကားနှင့်မလိုက်သွားပဲ အီဂျောင်စီးသည့်busနဲ့လိုက်ရင်းကနေ ပိုပြီးနီးကပ်ချင်သည့်လောဘကဖြစ်လာတာကြောင့် ကြောင်ဝင်စားဇာတ်ရိုက်ခဲ့ပေမယ့် အပိုင်းတစ်နဲ့တင် ဇာတ်သိမ်းခဲ့ရပြန်သည်။

"ဘာတွေထပ်လိမ်ဖို့ကြိုးစားနေတာလဲ ရှန်ချွမ်ရွေ့"

"အာ တရုတ်နာမည်ပါသိနေတာလား"

"ကိုယ်ကဒီလောကထဲကလူပဲဆိုတာ မေ့နေတာတော့မဟုတ်ဘူးမလား"

"အခုမှအသစ်ဖြစ်တဲ့ကျွန်တော့်ကိုတော့မသိလောက်ဘူးထင်တာပေါ့"

"ဒီခေါင်းဝါနဲ့ပုံတွေကအခုတလောနေရာတကာတွေ့နေရတာ မသိပဲနေမလား"

"အာ ဟုတ်သားဆံပင်အရောင်ပြောင်းဖို့မေ့သွားတာပဲ"

"ကဲပါ စကားတွေဝေ့မနေနဲ့ ဘာလို့်ဒီလိုလုပ်တာလဲဆိုတာပြော"

"အီဂျောင်နဲ့ခင်ချင်လို့ပါ"

"ဘယ်လို ?"

"ဟိုလေ တကယ်တော့ဒီမှာ Variety Showရိုက်ဖို့ရှိတာ အိပ်ရာထနောက်ကျသွားတာနဲ့ Busနဲ့လိုက်လာရင်း ဘေးခုံကအီဂျောင်ဟျွန်းဖြစ်နေတာနဲ့ အဲ့တာ အဲ့လို ဟို..."

စကားတွေတောင်ရောက်မြောက်ရောက်ဖြစ်နေတဲ့ရစ်ခီ့ကို အီဂျောင်က ကဲ ဘယ်လောက်ထိလိမ်နိုင်မလဲလိမ်စမ်း ငါကအကုန်သိတယ် လူလိင်ဆိုတဲ့အကြည့်ကြီးနဲ့ကြည့်နေလေသည်။

Kitty Ricky 🐈 (Complete)Where stories live. Discover now