7

348 42 14
                                    

ဒီနေ့ Dance Practiceမှာအတက်ကြွဆုံးကတော့ ရစ်ခီဖြစ်မှာအသေအချာပါပဲ။ တစ်ခုခုဆိုလွဲနေကျဖြစ်တဲ့ရစ်ခီကဒီနေ့အမှားအနည်းဆုံး။‌လေ့ကျင့်တာပြီးတဲ့အချိန်ရောက်တော့ အပြင်မှာမှောင်ရိပ်သမ်းနေပြီမို့ အီဂျောင်နဲ့တွေ့ရပါတော့မလားဆိုတဲ့စိုးရိမ်စိတ်လေးကဝင်လာခဲ့သည်။ သို့သော်ထိုစိတ်လေးကကြာရှည်မခံခဲ့ပါ အခန်းပြင်မှာစောင့်နေတဲ့အီဂျောင့်ကိုတွေ့ရတာနဲ့တင် တနေ့တာပင်ပန်းသမျှအကုန်ပျောက်သွားခဲ့ပြီ။

တော်သေးတာပေါ့ မဟုတ်ရင် ဟာအိုဘင်းနဲ့ဂယူဂျင်းအတွဲကဆိုးလားမှတ်တယ် ပန်းလေးအတွဲကလဲကော်နဲ့ကပ်ထားသလားထင်ရ ပြီးတော့တွဲဖို့ အစပြုခါနီးဂွန်းထယ်ရယ်ကလဲ ကလိကလိအခုတော့ရစ်ခီလဲသူတို့ကိုကြည့်ပြီးအားကျနေစရာမလိုတော့ပါ အလုပ်ပြီးတာနဲ့တွေ့စရာအီဂျောင်ရှိနေပြီလေ။

"စောင့်နေတာကြာပြီလား"

"မကြာသေးပါဘူး ကိုယ်လဲအခုမှပြီးတာ"

"ဟင် တစ်နေ့လုံးတောင်ဆွေးနွေးရတာလား"

"တစ်နေ့လုံးတော့ဆွေးနွေးမလားကွ လိုအပ်တာပြင်ဆင် အကကျင့်ဘာညာတော့လုပ်ရတာပေါ့ ကဲပါအခုပြန်ရတော့မှာလား"

"အင်းပေါ့ ဒါပေမယ့်၁၅မိနစ်လောက်တော့အချိန်ရပါတယ်"

"အင်း ၁၅မိနစ်ဘာလုပ်ချင်လဲ"

အီဂျောင့်ကိုနမ်းချင်တယ်ပြောမိရင် ရလားဟင်။ တကယ်မပြောရဲပေမယ့် စိတ်ထဲကတွေးတာနဲ့တင်မျက်နှာကပြုံးစိစိ။

"ဘာတွေမဟုတ်တာတွေးပြီးပြုံးနေတာလဲ လာဒီခုံမှာခဏထိုင်ရအောင်"

"ဘာမှမတွေးပါဘူး ဒါနဲ့ပြောရဦးမယ်သိလား ဒီ albumမှာ ကျွန်တော်Rapရွတ်ထားတယ်သိလား"

"တကယ်!!!"

"ဟုတ်တယ် အီဂျောင်နားထောင်ကြည့်မလား ကျွန်တော်အစမ်းသွင်းထားတာရှိတယ် recordingတော့မလုပ်ရသေးဘူး အဲ့တာလေ လိုတဲ့နေရာဘာညာရှိရင် နည်းနည်းသင်ပြပေးပါလား"

"ဆရာတွေရှိတယ်မလား ကိုယ်ကအဲ့လောက်မှမတော်တာရစ်ခီရဲ့"

"ကျွန်တော့်အတွက်တော့ အီဂျောင်အတော်ဆုံး"

Kitty Ricky 🐈 (Complete)Where stories live. Discover now