5

306 45 3
                                    

ရစ်ခီမိတ်ကပ်ပြင်တာပြီး၍ ဆံပင်ပြင်နေတုန်းအချိန်မို့ ဖုန်းသုံးချိန်ရသေးတာကြောင့် အကောင့်တုဖြင့်အီဂျောင်ဟျွန်းfan pageထဲဝင်ကြည့်လိုက်သည်။ Updateရိုးရိုးသာတင်သည့် Entertainmentကပိုစ့်တွေထက် Fanတွေတင်သည့်ပိုစ့်တွေက Captionဆန်းဆန်းလေးတွေကို ရစ်ခီပိုသဘောကျသည်လေ။

အီဂျောင်ဟျွန်းပွဲတစ်ခုမှာကထားသည့်ပုံကြောင့် ရစ်ခီသဝန်တို့စိတ်ပေါ်လာရသည်။ ဘယ့်နှယ် အင်္ကျီဆင်ပေးတာ တိုနှံ့နှံ့နဲ့ အခုတော့အကုန်ဝိုင်းကြည့်နေကြတဲ့အပြင် Captionကထွေထွေထူးထူးရေးထားတာမဟုတ်ပေမယ့် mentထောင်ချီက အနားလေးကိုကပ် ခါးလေးကိုဖက်ချင်တယ်ဆိုတာမျိုးတွေချည်း။

စိတ်တိုတိုနဲ့အီဂျောင့်ကိုသတိရလိုက်တာ။ ဒီနေ့တဇွတ်ထိုးလုပ်မိတာကို ရစ်ခီကနောင်တမရပါဘူး အီဂျောင့်အိမ်ထိတောင်ရောက်ဖူးတဲ့ဆက်ဆံရေးဆိုတော့ တစ်ရက်ထဲနဲ့တိုးတက်ချက်က 100%ပဲလေ။

ဟိုဟိုဒီဒီတွေးနေတုန်း မက်ဆေ့ခ်ျဝင်လာတာကြောင့်ကြည့်လိုက်တော့ ဖုန်းစိမ်းတစ်ခုဖြစ်နေသည်။ အရင်လိုဆိုဖုန်းစိမ်းတွေကပို့တဲ့စာတွေဆိုကြည့်လေ့မရှိ။ တချို့တွေကရစ်ခီ့နံပါတ်ဘယ်လိုရကြလဲမသိပေမယ့် ရိုင်းစိုင်းတဲ့စကားတွေပါလာတတ်တာကြောင့် မသိတဲ့နံပါတ်ကစာတွေကိုဖွင့်ကြည့်ဖို့ကြောက်တာက ရစ်ခီ့ရဲ့ထရော်မာတစ်ခုဖြစ်သည်။

ဒါပေမယ့်... ဒါပေမယ့်ပေါ့လေ အခုဝင်လာတဲ့စာကိုဖွင့်ကြည့်ချင်စိတ်က ဘယ်လိုမှတားမရဆီးမရ။ ရင်တွေတဒိန်းဒိန်းနဲ့လက်တွေတုန်ကာ စိတ်ကိုတော့သက်ပြင်းတစ်ချက်မှုတ်ထုတ်ပြီးလျှော့ချလိုက်၏။

'လွယ်အိတ်ထဲမှာ စတော်ဘယ်ရီနို့ဘူးလေးတွေထည့်ထားပေးတယ် အဖွဲ့သားတွေနဲ့မျှသောက်လိုက်နော် ရိုက်ကူးရေးပြီးတဲ့ရက်ဖုန်းဆက်လိုက် အချိန်ရရင်မြို့ထဲလိုက်ပြမယ် Fighting 😺'

ဒါဘယ်သူ အီဂျောင်များလား လွယ်အိတ်ကိုအပြေးအလွှားသွားကြည့်တော့ မိတ်ကပ်ပြင်နေတဲ့အစ်မတောင်အလန့်တကြား။

တကယ်ကိုအီဂျောင်ပေးလိုက်တဲ့စတော်ဘယ်ရီနို့ဘူးတွေပဲ ဒါကြောင့်အိတ်ကလွယ်ရတာလေးနေတာလို့ထင်မိပေမယ့် အီဂျောင့်မျက်နှာလေးမြင်နေရတဲ့အချိန်တုန်းကဆိုတော့ သေချာသတိမထားလိုက်မိတာပဲ။

နို့ဘူးလေးတွေပေါ်မှာကပ်ထားတဲ့ sticker noteလေးတစ်ခုကိုတွေ့တာကြောင့်ဖတ်ကြည့်မိတော့ 'အဖွဲ့သားတွေနဲ့အတူသောက်နော် နောက်မှဆုံမယ်Ricky Fighting!'တဲ့လေ။ တခြားသူတွေမသိအောင်တစ်ယောက်ထဲသောက်လဲဘာမှမဖြစ်လောက်ပါဘူးတွေးကာ လွယ်အိတ်ဇစ်ကိုပြန်ပိတ်ထားလိုက်မိသည်။ ကြိုက်တာကိုစားချင်တာစားဆိုပြီးဝယ်ကျွေးနိုင်ပေမယ့် အီဂျောင်ပေးတာကိုတော့ ခွဲဝေမစားနိုင်ပါ အီဂျောင်က ရစ်ခီ့အပိုင်လေ။

********

ညနေခင်းအားနေတဲ့အချိန်မို့ အိပ်ရာထဲလှဲနေချိန် မြည်လာသည့်ဖုန်းသံကြောင့်ကြည့်မိတော့ Kittyဆိုသည့်နာမည်လေးက အထင်းသား။ ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ အီဂျောင်ဟျွန်းနှုတ်ခမ်းဖျားမှာ အပြုံးတွေကဖောဖောသီသီ။

"Hello ရိုက်ကူးရေးပြီးပြီလား"

"အင်း ဒါပေမယ့် ချက်ချင်းပြန်ရမယ်တဲ့ အီဂျောင်နဲ့မတွေ့ရတော့ဘူး"

"အာ~ဟုတ်လား ဒါဆိုလဲ လမ်းခရီးဂရုစိုက်နော် မနက်ဖြန်တွေ့ကြမယ်"

"မနက်ဖြန် ဘယ်မှာတွေ့ ... ဟာ ဂယူဘင်း ဖုန်းပြန်ပေးလို့.....@#$_"

အဆော့သန်တဲ့ကလေးတွေဆော့နေကြပြန်ပြီထင်တယ်ဟုတွေးကာ တတီတီမြည်သံသာကြားရတော့သောဖုန်းလေးကို ခလုတ်နှိပ်၍ချလိုက်သည်။ မနက်ဖြန်ကစပြီး ခဏခဏဆုံကြရအောင် ငါ့‌ရဲ့ကြောင်လေးရစ်ခီ။

To be Continue...

Kitty Ricky 🐈 (Complete)Where stories live. Discover now