4

335 41 4
                                    

အခန်းထဲကဘာမှမကိုင်ကြည့်နဲ့လို့သေချာမှာသွားတာဆိုတော့ မကိုင်ကြည့်ချင်ပေမယ့် မျက်လုံးနဲ့တော့လိုက်ကြည့်လို့ရတာပဲမလား။ ထိုင်ခိုင်းထားတဲ့ထိုင်ခုံလေးမှာထိုင်ရင်း စားပွဲပေါ်ကဓါတ်ပုံလေးတွေကြည့်လိုက်တော့ အီဂျောင်ငယ်ငယ်ကပုံလေးတွေ။ ချစ်စရာကောင်းလိုက်တာ ငါ့ဂျောင်ဟျွန်းနီးက ငယ်ငယ်ထဲကဒီလောက်ချစ်စရာကောင်းအောင်မွေးလာမှတော့ ရှန်ရစ်ခီကမချစ်ပဲနေနိုင်ပါ့မလား။

ဒါပေမယ့်ဒီလောက်ချစ်ဖို့ကောင်းတဲ့ပုံလေးကို ကြည့်ရုံပဲဆိုတော့ အားမရနိုင်ပါဘူး ခဏလောက်ဖြစ်ဖြစ်ကိုင်ကြည့်လိုက်ပြီး အီဂျောင်မလာခင်ပြန်ထားလိုက်ရင် အဆင်ပြေတာပဲလေ။ ကိုယ်တွေး ကိုယ်ထောက်ခံ ကိုယ့်ဘာသာဆုံးဖြတ်ပြီး အီဂျောင့်ဓါတ်ပုံလေးကိုလှမ်းယူလိုက်ပေမယ့် ရစ်ခီလက်လှမ်းမယ့်နေရာမှာ ဘယ်သူလာထားမှန်းမသိတဲ့ပန်းအိုးကရှိနှင့်နေသည်။

"ခွမ်း!!!"

ပန်းအိုးလဲအကျ အခန်းတံခါးလဲအဖွင့်ဆိုတော့ ရစ်ခီ့ဘဝက သောင်ပြင်မှာလွှတ်တဲ့ရွှေငါးလေးလို ဖုတ်လှိုက်ဖုတ်လှိုက်။

"ရှန်ရစ်ခီ လျှောက်မကိုင်ပါနဲ့လို့သေချာမှာထားတာကို အဲ့မှာပဲရပ်နေမလှုပ်နဲ့ အကုန်စူးမိကုန်တော့မယ် ခဏလေးတောင်လွှတ်ထားလို့မရဘူး"

အီဂျောင်ကဆူနေပေမယ့် ရစ်ခီကြည့်နေမိတာက စကားတွေပြောတော့ချွန်ချွန်လာတဲ့နှုတ်ခမ်းရဲရဲလေး။ စတော်ဘယ်ရီကြိုက်တဲ့ရစ်ခီ့ကို အီဂျောင့်နှုတ်ခမ်းနဲ့စတော်ဘယ်ရီရွေးဆိုရင်တော့ သေချာတဲ့ဆုံးဖြတ်ချက်က စတော်ဘယ်ရီကိုငြင်းရပါလိမ့်မည်။ အီဂျောင့်နှုတ်ခမ်းတွေက ပိုချိုမလားတော့မသိရသေးပေမယ့်ပေါ့။

"လာသွားကြမယ် မိုးတောင်ချုပ်တော့မယ် အမြန်သွားရအောင် အဝေးကြီးမောင်းရဦးမှာ.. ဟာ ဟေ့ ရစ်ခီရှန်"

"ဪ ဟီး သွားကြမယ်လေ"

ဘယ်လောက်တောင်ငေးနေမိလဲမသိ ပန်းအိုးအကွဲတွေ ဘယ်အချိန်ဘယ်လိုသိမ်းပြီးသွားလဲမသိလိုက်သလို အီဂျောင်ဘာတွေပြောနေလဲဆိုတာလဲသေချာမသိ။ ရစ်ခီသိတာတစ်ခုက အီဂျောင့်ကိုအရမ်းတွေချစ်ပစ်လိုက်ချင်တာတစ်ခုသာ။

*********

"ဟာအိုကော"

"ဟောဒီကလေးရောက်လာသေးတယ်နော် သွားမြန်မြန်မိတ်ကပ်ပြင်ပြီးအဝတ်အစားလဲတော့ ဒီညစရိုက်ရမှာတဲ့"

"ဟုတ် ဟုတ်"

ဟာအိုကောက ရစ်ခီလာချိန်နောက်ကျမှာစိတ်ပူနေပုံရပြီး ရိုက်ကူးရေးခြံဝန်းအပြင်ဘက်နားထိထွက်ကြိုနေလေသည်။ ဟာအိုကောစကားတော့နားမထောင်လို့မရ မဟုတ်ရင်ကောက်တာ။

ကောက်လဲရစ်ခီတို့ကမချော့ပါဘူး သူ့ကောင်လေးမှမဟုတ်တာ။ အရေးကြီးတာတစ်ခုကိုအခုမှသတိရတာမို့ မိတ်ကပ်ခန်းဆီသွားဖို့လုပ်နေတဲ့ခြေလှမ်းက ဟာအိုကောနဲ့စကားပြောနေတဲ့အီဂျောင်ဆီပြန်လှည့်လာမိသည်။

"ဂျောင်ဟျွန်းနီး ဖုန်းနံပါတ်ပေးပါလား ရိုက်ကူးရေးပြီးရင်ဖုန်းဆက်မယ်လေ"

"မပေးပါဘူး ပြောစရာလဲမရှိတော့တာမို့ ပြန်လိုက်ပါဦးမယ် မြန်မြန်သွားပြီးပြင်ဆင်တော့ အခုရစ်ခီ့ကိုထပ်စောင့်နေရရင် တစ်ဖွဲ့လုံးမိုးချုပ်ပြီးအကုန်ပင်ပန်းကုန်လိမ့်မယ့် စောင့်နေတဲ့သူတွေကိုအားနာဦး"

နှုတ်ခမ်းလှလှလေးကနေ ရစ်ခီ့ကိုဆူဖို့ဆို စကားတွေအများကြီးပြောနေတဲ့အီဂျောင်ပါပဲ။ ဆူသံလေးတွေကို စိတ်မပျက်တဲ့အပြင် ချစ်မဝဖြစ်ပြီးပြုံးပြုံးကြီးလုပ်ကာကြည့်နေမိတာကြောင့် ဟာအိုကောကမိတ်ကပ်ခန်းသို့အတင်းဆွဲခေါ်လာရသည်။

အချေရစ်ခီရှန်လို့ နာမည်တစ်လုံးနဲ့နေခဲ့သမျှ အီဂျောင်ဟျွန်းကြောင့် ရူးသွားတာဘာဆေးမှမတိုးတော့။

To be Continue....

တိုသွားတာ Sorry 😻

🍓💚

Kitty Ricky 🐈 (Complete)Where stories live. Discover now