6

302 40 4
                                    

မနက်ဖြန်တွေ့မယ်ပြောတဲ့အီဂျောင့်စကားကို ရစ်ခီတစ်ချိန်လုံးစဉ်းစားနေပေမယ့်အဖြေမထွက်။ Entertainmentကိုလာတွေ့ဖို့ကဖြစ်နိုင်ချေရှိပေမယ့် မနက်ဖြန်တစ်ချိန်လုံး Dance Practiceလုပ်ရမှာမို့ တွေ့ဖို့အချိန်ရှိပါ့မလား။ အီဂျောင်ကတော့လူကိုအတွေးများအောင်လုပ်တာပဲ။ ဟိုရောက်ဒီရောက်အတွေးတွေကြောင့် ညကအိပ်တာညဉ့်နက်သွားသဖြင့် မနက်မထနိုင်။ အတွေးမများလဲ မနက်မထနိုင်တာက ရစ်ခီ့အကျင့်ပါပဲ။

"ရစ်ခီထပါတော့ကွာ ငါထိုင်ရှိခိုးရမလား"

"၅မိနစ်လောက်နော် ဟာအိုကော"

မျက်လုံးမပွင့်ပဲဈေးစစ်နေသည့်ရစ်ခီရှန်။ ဆက်စောင့်နေရင်အကုန်နောက်ကျတော့မှာမို့စောင့်လို့မဖြစ်။ ခြေထောက်၂ချောင်းအားဆွဲ၍ ကုတင်ပေါ်မှဆွဲချရန်သာတွေးလိုက်မိသည်။

တီ~~~~တီ~~~~

ဖုန်းသံကြောင့်နိုးမယ်ထင်ပေမယ့် မနိုးလာတာကြောင့် ဟာအိုကိုယ်တိုင်သာ ဘယ်သူဆက်လဲကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ ဖုန်းမှာပေါ်နေတာက နာမည်စာလုံးမဟုတ်ပဲ အသည်းစိမ်းလေးတစ်ခုသာမှတ်ထားသည့် Contactမို့ ထူးဆန်းလေသည်။

"ရစ်ခီ အသည်းအစိမ်းလေးမှတ်ထားတဲ့သူက ဖုန်းဆက်လာတယ်"

"မရှိဘူးပြောလိုက်ဗျာ အိပ်နေတာကိုဘယ်ကအသဲစိမ်းးးး အဲ ပေးပေးမြန်မြန်ပေး"

ကျန်းဟောက်နှိုးစရာမလိုအောင် ချက်ချင်းထကာ လက်ထဲဖုန်းကိုဆွဲယူသည့်ရစ်ခီကြောင့် အံ့ဩတကြီးဖြစ်ရပြန်သည်။ သူနှိုးနေတုန်းကဖြင့်မထဘူးဆိုပြီး။

"Hello အီဂျောင်ရှိ"

"အိပ်နေတာလား ဒီနေ့ Entertainmentကိုသွားရမှာမဟုတ်ဘူးလား အခုထိDormမှာပဲလား"

"ဟို ဟိုလေအဲ့တာက"

"ဟိုလေမနေနဲ့တော့ မြန်မြန်ပြင်ဆင်ပြီးသွားတော့ အလုပ်မြန်မြန်လုပ်ပြီးရင် တွေ့ကြရအောင်"

"ဟုတ် ဟို... ဟင် ဖုန်းချသွားတာလား မြန်မြန်လုပ်ရမယ် အီဂျောင်ကပြောတယ် မြန်မြန်ပြီးမှမြန်မြန်တွေ့ရမှာတဲ့ ဟာအိုကော ဘာလုပ်နေတာလဲ မြန်မြန်သွားရအောင်လေ"

Kitty Ricky 🐈 (Complete)जहाँ कहानियाँ रहती हैं। अभी खोजें