2

450 51 2
                                    

"ငါကမင်းရဲ့ကြောင်လေးလေ"

"ငါကြောင်မမွေးဖူးဘူးမင်းလူမှားနေပြီ ပြန်တော့ ပြီးတော့မင်းနဲ့ငါပြောရအောင် ငါ့ထက်အသက်အများကြီးငယ်တယ်မလား"

"၃နှစ်လေးပဲငယ်တာပါ ငါ့ရဲ့ကြောင်သက်နဲ့တွက်ရင် ငါကတောင်ကြီးသေး"

"ကြောင်ပဲပြောနေတယ် ငါ့မှာကြောင်မရှိဘူးလို့"

"သေချာစဉ်းစားပါဦးကွာ မင်းပဲငါ့ကိုအရမ်းချစ်တာလေ ဘယ်သွားသွားမင်းရင်ခွင်ထဲပိုက်ထားတာ အိပ်ရင်လဲမင်းရင်ခွင်ထဲမှာပဲ ငါ့မှာအသက်ကြီးပြီးသေသွားတာတောင် မင်းကိုစိတ်မချခဲ့ဘူး အရမ်းငိုခဲ့တယ်မလားဟင်"

နေပါဦး ငါအသက်၂နှစ်လောက်ကအဲ့လိုကြောင်တွေဘာတွေမွေးဖူးရဲ့လား မွေးဖူးရင်ရောမှတ်မိပါ့မလား မဖြစ်နိုင်တာတွေလာပြောနေတယ်ထင်ရအောင်လဲ မျက်စိရှေ့ကဆံဝါလေးက အားရပါးရပြောနေတဲ့နှုတ်ခမ်းဖူးဖူးလေးကြောင့် ယုံပဲယုံရတော့မလိုလို ရင်ထဲမှာလဲဝမ်းနည်းပြီးငိုချင်သလိုတကယ်ဖြစ်လာသည်။

"ငါတော့မမှတ်မိပေမယ့် မားတို့တော့မှတ်မိလောက်တာမို့ ငါမေးကြည့်မယ် မဟုတ်ရင်တော့မင်းပြန်ရမှာနော်"

"ဟုတ်ရင်ရော အီဂျောင်နဲ့အတူအိပ်လို့ရလား"

"ဟင်းး...အေးကွာ အေးကွာ အခုတော့ဒီမှာပဲစောင့်နေ ငါမေးပြီးပြန်လာမယ်"

သက်ပြင်းတချက်ကို နာနာချရင်းဂျောင်ဟျွန်းအခန်းပြင်သို့ထွက်ကာ မားကိုတကြော်ကြော်ခေါ်ရင်း မေးရန်လိုက်ရှာနေလေသည်။

**********

ခေါင်းငိုက်စိုက်ချကာအခန်းထဲဝင်လာသော ဂျောင်ဟျွန်းကြောင့် ခေါင်းဝါလေးမှာ ပြာပြာသလဲဖြစ်ကာ ကုတင်ပေါ်မှအမြန်ထလိုက်သည်။

"ဘာ ဘာဖြစ်လာတာလဲဟင် ငါ့ကြောင့်တစ်ခုခုဆူခံရလို့လား...."

အမေးစကားတောင်မဆုံးသေးချင်မှာပဲ ဆံဝါလေးကိုဆွဲဖက်လိုက်သည့်ဂျောင်ဟျွန်း။

ရှိုက်သံထွက်လာပြီးနောက် ငိုချလာသည့်ဂျောင်ဟျွန်းကြောင့် ဆံဝါလေးမှာဘာလုပ်ရမှန်းမသိတော့။ ဖက်ထားသည့်လက်တွေကိုဆွဲခွာတော့လဲပိုတင်းကျပ်အောင်ဖက်လာလေသည်။

"ငါ့ကိုစိုးရိမ်အောင်မလုပ်ပါနဲ့ ငါပြန်ပါမယ်နော် မငိုပါနဲ့ ငါ့ကြောင့်မလားဟင် အီဂျောင်မငိုနဲ့နော်"

ချော့ခံရတဲ့ကလေးကပိုငိုတယ်ဆိုတဲ့စကားရှိလို့ပဲလားမသိ ဆံဝါလေးကချော့လေ ဂျောင်ဟျွန်းကပိုငိုလေပဲဖြစ်နေတော့သည်။

ငိုသံတွေအနည်းငယ်ရပ်သွားပြီး ရှိုက်သံတီးတိုးလေးသားကျန်နေသည့်အခန်းထဲတွင် ဆံဝါလေးရဲ့ပါးအိအိလေး၂ဖက်ကို လက်ချောင်းရှည်သွယ်သွယ်လေးတွေဖြင့်အုပ်မိုးကိုင်လိုက်ပြီး မျက်လုံးချင်းဆုံ‌အောင် စိုက်ကြည့်လာလေသည်။

"မမှတ်မိခဲ့တာတောင်းပန်ပါတယ် ငါ့ရဲ့ကြောင်ဝါလေး ရစ်ခီ..."

To be Continue...

Kitty Ricky 🐈 (Complete)Where stories live. Discover now