1

740 78 12
                                    

ဟဲနိုင်ငံ ညီလာခံ.

"မောင်မင်းတို့ကို ကျုပ်ပြောပြီးပြီမလား။ ဒီမိဖုရားခေါင်ကိစ္စကိုပဲလျှောက်တင်နေတဲ့ မောင်မင်းတို့က ကျုပ်ကို ဘာမထီပြုနေတာပဲ"

မင်းကြီးစိတ်တိုနေတာကြောင့် ညီလာခံထဲရှိ လူအားလုံး တုပ်တုပ်မျှမလှုပ်ရဲချေ။ မင်းကြီးကလက်မခံပါဘူးလို့ ပြောထားပြီးသားအကြောင်းကို ထပ်ပြီးလျှောက်တင်လိုက်တဲ့ တရားခံ အမ‌တ်ဂျောင်ကလဲ အသံမထွက်ရဲတော့။ 

ထိုအချိန် တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တဲ့အသံ တစ်သံ

တရားခံကတော့ လက်ဝဲအမတ်မင်းဆောင်းမွန်းရှီး..

"မင်းကြီး ကျွန်တော်တို့ နန်းတွင်းအစဥ်အလာအရ မင်းကြီးက သေချာပေါက် အမျိုးသားကြင်ယာတော်တစ်ပါး၊ အမျိုးသမီးကြင်ယာတော်တစ်ပါးနဲ့ အတူ ဘိသိက်သွင်းပြီး နန်းတက်ပွဲကိုကျင်းပရမှာပါ။ မင်းကြီးစိတ်တိုင်းကျ အမျိုးသားကြင်ယာတော်တစ်ပါးတည်းနဲ့ နန်းတက်ပွဲကို ကျင်းပလို့မဖြစ်ပါဘူးမင်းကြီး။ ကျွန်‌တော်မျိုးတို့လျှောက်တင်ချက်ကို ပြန်လည်စဥ်းစားပေးတော်မူပါမင်းကြီး"

"ပြန်လည်စဥ်းစားပေးတော်မူပါ" လက်ဝဲအမတ်ကစလိုက်တာနဲ့ သူရဲ့နောက်လိုက် လက်ဝဲတစ်ဖွဲ့လုံးကပါ လိုက်ပြောလာကြသည်။

"အားလုံး တိတ်ကြစမ်း။ မောင်မင်းတို့ ဘာပြောပြော ငါကိုယ်တော်က‌တော့ ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး။ လက်ယာအမတ်ချုပ်ရဲ့ သားတော် ဟာအိုတစ်ယောက်တည်းနဲ့ပဲ ကျုပ်နန်းတက်ပွဲကျင်းပမယ်။ ဒါကိုဆန့်ကျင်တဲ့သူက ကျုပ်မင်းမိန့်ကို ဆန့်ကျင်တာပဲ။"

ပြောပြီး ညီလာခံနန်းဆောင်ထဲက ထွက်သွားတဲ့ မင်းကြီးကြောင့် ကျန်ခဲ့တဲ့ အမတ်တွေမှာ ယောက်ယက်ခတ်ကုန်ကြသည်။ ထိုအထဲမှာမှ သူ့သမီးကို အမျိုးသမီးကြင်ယာတော်အနေနဲ့ပွဲထုတ်ပြီး မိဖုရားခေါင်နေရာကို မှန်းနေတဲ့ လက်ဝဲအမတ်နဲ့အပေါင်းအပါတွေက အဆိုးဆုံးပေါ....

*************************************

"နောင်တော် ဒါက မင်းကြီးအနေနဲ့နောင်တော်ရဲ့ ပထမဆုံး ညီလာခံပါ။ ဘာလို့များ အမတ်တွေကို ဆန့်ကျင်လာရတာပါလဲ။ ဧကန္တ ကျွန်တော့်ကြောင့်ဆိုရင်တော့..."

War of Love [Ongoing]Donde viven las historias. Descúbrelo ahora