7

203 32 14
                                    

ဟိုနေ့က ကိစ္စတွေဖြစ်သွားပြီးကတည်းက ကြင်ယာတော်ကို မေ့ပျောက်နိုင်ဖို့ ဂျီဝန်းအကြိမ်ကြိမ်ကြိုးစားခဲ့တာ်၊ ဒါပေမယ့် သူနဲ့အတူ ပါသွားတဲ့ ကိုယ့်နှလုံးသားအစုံကိုတော့ပြန်မှမရနိုင်တာပဲ၊ အခုတော့ ဂျီဝန်းရဲ့ခန္ဓာကိုယ်ဟာ ဦးနှောက်ကိုဆန့်ကျင်ပြီး ကြင်ယာတော်နန်းဆောင်နားက နံရံအကွယ်တစ်ခုကိုရောက်နေလေပြီ၊ မျက်နှာ‌လေးပဲဖြစ်ဖြစ် တစ်ခါလောက်ထပ်မြင်ချင်စိတ်လေးနဲ့ ရောက်လာခဲ့ပေမယ့် မင်းကြီးနဲ့အတူ ပြုံးရယ်နေတဲ့ ကောင်ငယ်လေးကြောင့် ဂျီဝန်း အသာယာ သက်ပြင်းချကာ လှည့်ထွက်လာခဲ့သည်၊

ထွေးပြားနေတဲ့ စိတ်အစဉ်ကြောင့် ခပ်လှမ်းလှမ်းကနေ ကိုယ့်ဆီ ဦးတည်‌လျှောက်လာတဲ့ အရိပ်ကလေးကို ဘယ်သူဘယ်ဝါဆိုတာ တွေးချင်စိတ်မရှိတော့ပေ။

သို့သေည် တဖြည်းဖြည်း ‌နီးကပ်လာတဲ့ ပုံရိပ်လေးက သူ့ရှေ့တည့်တည့်ဆီ ရောက်လာချိန်မှာတော့ ခန္ဓာကိုယ်ကို ညွှတ်ကိုင်းကာ အရိုသေပြုမိသည်။ မုန်းတီးနေခြင်းမျိုးမဟုတ်ပေမယ့် တွေ့ဖို့ဝန်လေးနေခဲ့ရတဲ့ သူကို မထင်မှတ်ဘဲတွေ့လိုက်ရသည်။ မနှုတ်ဆက်ချင်ရင်တောင် နှုတ်ဆက်ရမယ်ဆိုတဲ့ အသိကြောင့်

"ကျန်းမာပါရဲ့လား ကြင်ယာတော်ကြီး"

ဂျီဝန်းမေးတော့ ထိုသူဟာ သူ့မူပိုင်အတိုင်း ဖွဖွလေးပြုံးပြပြီး

"စစ်သူကြီးပို့သတဲ့ မေတ္တာတွေကြောင့် ကျန်းမာပါတယ်" ထိုစကားကြောင့် ဂျီဝန်းသက်ပြင်းချမိတယ်။

"ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာ မနှစ်က စစ်သူကြီး နယ်စပ်ကိုထွက်မသွားခင်ကနော်"

"ဒီကြားထဲ ကြင်ယာတော်အစစရာရာအဆင်ပြေပြီး မင်းကြီးနဲ့ ထိမ်းမြှားလိုက်တဲ့သတင်းကြားရလို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ လက်ဆက်ပွဲကို မတက်ရောက်နိုင်ခဲ့တာကိုတော့ ခွှင့်လွှတ်ပေးတော်မူပါ"

"စိတ်ရင်းလား" ဟာအိုမေးလိုက်တော့

"စိတ်ရင်းပါ၊ ကျွန်တော်မျိုးက ကြင်ယာတော်ဆိုပြီးဖြစ်မလာခင် သခင်လေးဘဝကတည်းက ကြင်ယာတော်ရဲ့ကောင်းကျိုးကိုပဲ လိုလားတဲ့သူပါ၊ မင်းကြီးကကြင်ယာတော်ကို သိပ်ချစ်မြတ်နိုးတာ အားလုံးအသိပဲလေ"

War of Love [Ongoing]Where stories live. Discover now