8

174 30 1
                                    

နေ့လည်က ပြောခဲ့တဲ့ စကားအတိုင်း  မင်းကြီးဟာ ညနေလောက်မှာ ကြင်ယာတော် ဝူဟျွန်း နန်းဆောင်ကို ကြွလာခဲ့သည်။ အချိန်အားဖြင့် စောနေတာကြောင့် နှစ်‌‌ယောက်သား  ပွဲတော်တည်နေကြသည်။ 

"စားရတာ အရသာတွေ့ရဲ့လား မင်းကြီး"

"အင်း ကိုယ်အခုမှစားဖူးတာ။ ဒါပေမယ့် စားကောင်းတယ်။ မတ်သရူး ကိုယ်တိုင်လုပ်ထားတာလား" ဟန်ဘင်း‌မေးလိုက်တော့ မတ်သရူးက ရယ်ကျဲကျဲနဲ့

"မဟုတ်ဘူး။ မင်းကြီးကို ကျွန်တော်တို့ ဒါးလ်နိုင်ငံက ရိုးရာအစားစာဖြစ်တဲ့ ‌ဒီကြာစွယ်ခေါက်ဆွဲကို ချက်ကျွေးချင်ခဲ့တာပေမယ့် ဒီနေ့ကကျ အချိန်မရလို့လေ။ ကျွန်‌တော်စားဖိုဆောင်မှာ သွားပြင်ရင် မီးကြီး မကြွလာခင် အဆင်သင့်မဖြစ်မှာဆိုးလို့ အထိန်းတော်ကိုပဲ ချက်နည်းပြောပြလိုက်ပြီး စား‌ဖိုဆောင်ကို ပြောခိုင်းလိုက်တာ"

"ခုကော အဆင်သင့်ပြင်ထားပြီလား" ပြုံးစစနဲ့ မေးလာတာကြောင့် မတ်သရူးအလန့်တကြားနဲ့ 

"ဘာ ဘာတွေပြောနေတာလဲ ကျွန်တော်ပြောတာက မင်းကြီးကြွမလာခင် ခေါက်ဆွဲမကျက်သေးမှာဆိုးတာကိုပြောတာ"

"ကိုယ်လဲ အဲ့တာကို ပြောတာပဲလေ မတ်သရူးက ဘာတွေတွေးနေတာလဲ"

မတ်သရူး စူပုတ်ပုတ်ကြည့်ပေးလိုက်တော့

"စတာပါ။ ကဲ ဒါတွေ သိမ်းခိုင်းလိုက်တော့မယ်။ နောက်တစ်ခါတော့ မင်းချက်ကျွေးတာ ကိုယ်စားကြည့်ချင်တယ်"

မတ်သရူး ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ် ကျွန်တော်ကြိုးစားကြည့်ပါ့မယ်။"

"ဒါနဲ့ ခုထိ ‌အချိန်လဲ စောနေသေးတော့ သေရည်သောက်ကြမလား မင်းကြီး"

ဟန်ဘင်း ခေါင်းညိတ်ပြလိုက်ပြီး အပြင်မှာရှိနေတဲ့ အထိန်းတော်ကို သေရည်ပြင်ဆင်ခိုင်းလိုက်သည်။

သောက်ရင်းနဲ့ အရှိန်လေးရလာတဲ့အခါ ‌၂‌ယောက်လုံး အာသွက်လျှာသွက်ဖြစ်လာကြသည်။ သို့ပေမယ့် ၂‌ယောက်လုံးက အိမ်ရှေ့စံတို့ တတ်အပ်သင့်တဲ့ ပညာတစ်ပါးအနေနဲ့ သင်ယူခဲ့ဖူးတာမို့ ရာဇအိန္ဒြေမပျက်ရှိနေကြသည်။ တစ်ဆောင်လုံး အပ်ကျသံပင်ကြားရအောင် တိတ်ဆိတ်နေတဲ့ ဒီအနေထားကို စတင်ဖြိုခွဲလိုက်သူက မတ်သရူး...

War of Love [Ongoing]Where stories live. Discover now