2

530 76 4
                                    

နန်းတက်ပွဲနေ့ ဟဲနိုင်ငံ...

"မင်းကြီးနဲ့ ကြင်ယာတော်ကြွချီလာပါပြီ။" ကြေညာသံနဲ့အဆုံး ထွက်ပေါ််လာတဲ့ စည်သံနဲ့အတူ ‌နန်းယဉ်ပြင်လျှောက်လမ်းမပေါ်လျှောက်လာတဲ့ မင်းကြီးနဲ့ကြင်ယာတော်။ လှေကားကနေတစ်ဆင့် တဖြည်းဖြည်း တက်သွားတဲ့ နှစ်ယောက်ကိုကြည့်နေတဲ့ လူတွေအကုန် ပြောနိုင်တာက "လိုက်ဖက်လိုက်တာ"ဆိုတာပါပဲ။ 

တစ်လျှောက်လုံး ဟာအိုလက်ကိုထွက်ပြေးသွားမှာဆိုးတဲ့အလား ဆွဲထားပြီး ဂါဝရပြုရမယ့်အချိန်မှလွှတ်ပေးလာတဲ့ ဟန်ဘင်းကြောင့် ပြုံးမိတယ်။ 

နန်းထုံးအစဉ်လာတွေအရ ဘိုးဘေးတွေကိုကန်တော့ နှစ်ယောက်သားအပြန်အလှန် ဂါရဝပြုပြီးနောက် နန်းတက်ပွဲဟာအထမြောက်သွားခဲ့တယ်။ 

"ဖြောင်းဖြောင်းဖြောင်း...." လက်ခုပ်သြဘာသံတွေကြား မတ်သရူးလည်းရှိနေခဲ့တယ်။ 

**************************

"နန်းတက်ပွဲကို ဂုဏ်ပြုပါတယ် မင်းကြီး"

နန်းတက်ပွဲအပြီး ဒါလ်နိုင်ငံက ဧည့်သည်တွေကို ဧည့်ခံနေတဲ့ မင်းကြီးနဲ့ ကြင်ယာတော်

"ဒါနဲ့ ကြင်ယာတော်က လူကြီးမင်းတို့ကို ဧည့်ခံဖို့အတွက် ပြင်ဆင်ထားတာလေးကို ပြသမှာမို့ ကြည့်ရှုပေးကြပါဦး" မင်းကြီးစကားအဆုံး ထိုင်ခုံက ထထွက်ပြီး တူရိယာတစ်ခုကို တီးခတ်ပြနေတဲ့ ကြင်ယာတော်၊ ဂီတနဲ့ အလှမ်းဝေးတဲ့ မတ်သရူးအဖို့ ဘာတူရိယာလဲ သေချာမသိပေမယ့် ကြင်ယာတော်တီးခတ်လို့ ထွက်လာတဲ့ သံစဉ်တွေက အတော်လေး နာဆင်လို့ကောင်းတာကိုတော့ မတ်သရူးသိသည်။

"ကြင်ယာတော်က တကယ်ကို အဘက်ဘက်ကပြည့်စုံနေတာပဲ၊ ဒါကြောင့်လည်း မင်းကြီးက သဲသဲလှုပ်တာနေမယ်" မတ်သရူးက အရွှန်းဖောက်ကာ ပြောတော့ 

"မဟုတ်တာ" ဟု ကြင်ယာတော်က မနေတတ်သလို ဟန်နဲ့ဝင်ပြောသည်။ 

လှတယ်၊ ဟုတ်တယ် ကြင်ယာတော်ကလှပါတယ်၊ နူးညံ့တယ်လို့ထင်ရပေမယ့် တစ်ဖက်မှာလဲ ရဲရင့် ပြတ်သားခြင်းတွေကပ်ရှိနေတဲ့ ကြင်ယာတော်ဟာ ခုက တူရိယာတီးခတ်နေတုန်းကလဲ သူမြတ်နိုးရာ အနုပညာအတွက် လေးနက်တဲ့အကြည့်တွေပါနေတယ်။ မတ်သရူးစုံစမ်းရသလောက် ကြင်ယာတော်က မင်းကြီးမင်းသားဘဝကတည်းက မင်းကြီးနဲ့ အတူကြီးပျင်းလာခဲ့တာ။ ပြေပြစ်တဲ့ရုပ်ရှည်လေးနဲ့ နူးညံ့တဲ့အမတ်ချုပ်အိမ်က သခင်လေးက မြို့တော်ထဲက အပျို လူပျိုအားလုံးအတွက်မျက်စိကျစရာဖြစ်ခဲ့ရတယ်တဲ့။ ပြိုင်ဘက်အနေနဲ့သ‌ဘောထားလို့ ဒီအကြောင်းတွေစုံစမ်းခဲ့တာမဟုတ်ပါဘူး။ သူသာမင်းကြီးကြင်ယာတော််ဖြစ်လာခဲ့ရင် ဆက်ဆံရမယ့်သူမလို့ကော မင်းကြီးက အားလုံးနဲ့ဆန့်ကျင်ရတဲ့အထိ ချစ်မြတ်နိုးရသူဆိုလို့ကော သိချင်တာကြောင့် စုံစမ်းဖြစ်ခဲ့တာ။ ခု‌ကော မတ်သရူးအတွက် ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် သိမ်ငယ်စိတ်ဝင်ခဲ့မိတယ်။ အခုအခြေနေမတိုင်ခင်ထိ ယုံကြည်ချက်ရှိပေမယ့် နှစ်ယောက်ကိုအတူမြင်လိုက်ရတော့ မင်းကြီးက ငါ့ကို ကြင်ယာတော်အဖြစ်လက်ခံပါ့မလားလို့တွေးမိတယ်။ ပြီးနောက် ငါက ကြင်ယာ‌တော်နဲ့ယှဉ်လို့ ဖြစ်ပါ့မလားလို့လဲ အတွေးဝင်လာတယ်။

"ဒါနဲ့ မင်းကြီးတို့ ဒါလ်နိုင်ငံက ကျုပ်အတွက်သယ်လာတဲ့ အထူးလက်ဆောင်ဆိုတာ ဘာများပါလိမ့်"

မင်းကြီးအမေးကြောင့် မတ်သရူး ခေါင်းမော့ကြည့်မိသည်။ 

"နတ်ရွာစံမင်းကြီးလက်ထက်ကတည်းက ကျုပ်တို့နှစ်နိုင်ငံက ချစ်ကြည်ရေးယူခဲ့ကြတာပါ။ ခုအဲ့ ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ကျုပ်တို့ဒါလ်နိုင်ငံက ချစ်ကြည်ရေးလက်ဆောင်ဆက်သဖို့ပါ မင်းကြီး"

ဒါလ်ဘုရင်ရဲ့ စကား‌ကြောင့် ဟန်ဘင်းမျက်ခုံးပင့်မိတယ်။ ဒီရက်ပိုင်းဒီဘုရင်ကြောင့်နဲ့တင် သူမျက်ခုံးပင့်ရတာ နှစ်ခါရှိပြီ။ ချစ်ကြည်‌‌ရေးလက်ဆောင်ဆိုတည်းက အများစုက မင်းသမီးတစ်ပါးကိုဆက်ကြသည်။ မင်းသားတွေကိုဆက်သတာလဲရှိပေမယ့် မျိုးဆက်ကိုမွေးနိုင်ရင် ချစ်ကြည်‌‌ရေးပိုခိုင်မာမယ်လို့ ယူဆကြတာကြောင့် မင်းသမီးကိုဆက်သကြတာပိုများသည်။ အခု ဒါလ်နိုင်ငံဘုရင်မှာ ဟန်ဘင်းသိသလောက်တော့ သားတော်နှစ်‌ယောက်သာရှိသည်။ ဟန်ဘင်းမသိနိုင်တဲ့ ကိုယ်လုပ်တော်ဘာညာနဲ့မွေးတဲ့ သမီးရှိရင်တော့ မပြောတတ်ပေ။ ခုသားနှစ်ယောက်မှာ ဒီကို အတူပါလာတာဟာ ဒါလ်နိုင်ငံ အိမ်‌ရှေ့စံ ‌မတ်သရူး‌တစ်ယောက်သာရှိသည်မို့ ဟန်ဘင်းထင်တာမမှားရင် သူ့ကိုဆက်သမယ့်လက်ဆောင်ဟာ ကျိန်းသေပေါက် အိမ်ရှေ့စံပင်။ ဟန်ဘင်းသူထင်တာ မဟုတ်ပါစေနဲ့လို့ ‌ကြိတ်ဆုတောင်းရင်း

"ချစ်ကြည်ရေးလက်ဆောင်က ဘာမှာများပါလဲ"

"အိမ်ရှေ့စံပါ မင်းကြီး"

ဒိန်းးးး ဟန်ဘင်းရင်ထဲ ဒိန်းခနဲပါပဲ။ သူ့ဆုတောင်းတွေမပြည့်ခဲ့ဘူး"

"မင်းကြီးလက်ခံဖို့ ခက်ခဲမှာဆိုတာသိပေမယ့် ဒီလက်ဆောင်ကို လက်ခံပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော် ဒီအတိုင်းပြန်လှည့်လို့ မဖြစ်ပါဘူး။ ကျွန်တော်ဆိုလိုတာ မင်းကြီး နားလည်မှာပါ။"

မင်းကြီးဘက်က အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ

"ကောင်းပြီ။ ကျူပ်လက်ခံတယ်"


[ကဲကဲ upလိုက်ပြီနော်။ တစ်ခုလောက်‌တောင်းဆိုချင်လို့ပါ။ ခု‌ရေးတာလေးက Bintthew main otp ဆိုပေမယ့် side otpတွေများတာမလို့လေ အရမ်း sensitiveမဖြစ်ကြဖို့ပါ။ Lineပေါ်မှာလဲ လေးတွေဖြစ်နေတော့ ရေးရတာလဲ ခပ်လန့်လန့်ရယ်]

War of Love [Ongoing]Where stories live. Discover now