4

552 77 27
                                    

"ဘာ ယူဂျင်းပြန်လာပြီ ဟုတ်လား"

"ဟုတ်ပါတယ် အခုလေးတင်ကြင်ယာ‌‌တော်ကြီးဆီအခစားဝင်တယ်ပြောပါတယ်အရှင့်သား။ မကြာမီ အရှင့်သားဆီရောက်လာမယ်ထင်ပါတယ်"

အထိန်းတော်ရဲ့ စကားကြောင့် ဂယူဗင်းသက်ပြင်းချမိသည်။ ဘာလို့ ဒီအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာရတာလဲ။ ဒါလ်နိုင်ငံအိမ်ရှေ့စံကို ကြင်ယာတော် ဆော့ဝူဟျွန်းအဖြစ်တင်မြောက်တဲ့ အပြင် အစ်ကို ဟာအိုကို ကြင်ယာ‌တာတော်ကြီးအဖြစ် ပြောင်းလဲခေါ််တွင်‌စေတာက နန်းတွင်းထဲမှာ ပွက်လောရိုက်နေသည်။ နောင်တော်က ဒါကို မိဖုရားခေါင်နေရာအတွက် နေရာလွတ်မရှိဘူးလို့ သွယ်ဝိုက်ကြေညာလိုက်တာပဲမလား။

ဂယူဗင်းသိတဲ့ ယူဂျင်းသာဆိုရင် သေချာပေါက်ထိုနေ့က စကားကိုမှတ်မိနေမှာ။ ဂယူဗင်းကတော့ နောင်တော့်လောက်သတ္တိမရှိပါ။ ပြီးတော့ နောင်တော့်မှာက ဆက်ခံသူအဖြစ် လက်ညိုးထိုးပြစရာ သူရှိပေမယ့် သူ့မှာတော့ မရှိတာမို့ ဘာမှမတတ်နိုင်ပါ။ ထိုနေ့က ဂတိကို ယူဂျင်းမမှတ်မိဖို့သာ ဆုတောင်းမိသည်။ မင်းက အမတ်ချုပ်ရဲ့ သားငယ်ဆိုတာနဲ့တင် အန္တာရာယ်တွေများနေပြီမို့ ကိုယ်နဲ့ နက်နက်နဲနဲ မပတ်သက်ချင်ပါနဲ့ကွာ။

**********

"မင်းကြီးကို မနာကျည်းဘူးလား အစ်ကို"

"နာကျည်းရအောင် သူကဘုရင်လေ သူမှမမှားပဲ"

"ဒါ‌ပေမယ့် အဖေ့တုန်းကကျ.."

"အဖေက မင်းမှုထမ်း သူကဘုရင်လေ"

"အဲ့တာတွေမုန်းတာ တစ်လင်တစ်မယားစနစ်ဆိုတာ ဒီနိုင်ငံမှာ မျိုးရိုးနိမ့်တွေအတွက်ပဲရှိတယ်။ မျိုရိုးနိမ့်တွေက ဖောက်ပြန်ရင်တော့ အပြစ်ရှိပြီး ဘုရင်နဲ့ အထက်တန်းလွှာတွေကျ အဆင်ပြေတယ်တဲ့လား။"

"အပြောဆိုဆင်ခြင်ပါ ယူဂျင်း။ နေရာတိုင်းမှာ မျက်စိတွေနားတွေနဲ့ပါ"

"အစ်ကို ဟန်ဘင်းကိုတော့ မထင်ထားခဲ့ဘူး။ အဲ့ဒီ့အရာတွေကို ပြန်ပြင်နိုင်ဖို့မျှော်လင့်ခဲ့တာ။ သူကတော့ပြင်‌လိမ့်မယ်လို့ထင်ခဲ့တာ။ အစ်ကို့အကြောင်းကို ခေါင်းအစခြေအဆုံးသိတဲ့သူမလို့ မျှော်လင့်မိတာကို သူကပါ အဲ့ပုံစံအတိုင်းဖြစ်လာတယ်တဲ့လား။"

War of Love [Ongoing]Where stories live. Discover now