Scene #5 : Delusions

3.4K 573 49
                                    

ယနေ့ဟာ မနက်စောစော ရိုက်စရာ ရိုက်ကွင်းမရှိသည့် ရက်တစ်ရက် ဖြစ်လေသည့်အတွက် ဂင်မ်ဂျီအွန်းဟာ နေ့လယ် ၁၁ နာရီလောက်မှ အိပ်ရာထရန် ကြံထားခဲ့ပါသည့်တိုင် စားပွဲ၌ ဗြောင်းသတ်နေအောင် မြည်နေပါသည့် ဖုန်းကြောင့် မျက်မှောင်ကြုတ်ရင်း ဖုန်းကို လှမ်းယူလိုက်ရ၏။ ဆက်နေသူကို ကြည့်လိုက်သည့်အခါ သူနှင့် ဘေးချင်းကပ်လျက် အခန်းတွင် နေနေပါသည့် ကျန်းဟောင့်။

" ဂျန်းဟာအို မင်း ရူးနေတာလား ၊ တစ်အိမ်တည်း နေနေပြီး‌တော့ ငါ့ကို ဖုန်းလှမ်းဆက်စရာလား "

" မင်း သတင်းတွေ မြင်ပြီးသွားပြီလား "

" ဘာသတင်းလဲ ၊ မက်သျူး ဘာဖြစ်လို့လဲ "

သတင်းဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ ဂျီအွန်းဟာ အိပ်ချင်စိတ်များတောင် ချက်ချင်း ပြေပျောက်သွားရလေပြီး ဆံပင်ကို အမြန်သပ်တင်မိလိုက်၏။

" မဟုတ်ဘူးလေ ၊ ဆောင်းဟန်ဘင်း သတင်း "

" သြော်.. သူက နာမည်ကြီး မင်းသားပဲဟာ ၊ သတင်းက တစ်ခုမဟုတ်တစ်ခု တက်နေမှာကို.. အဲ့ဒါထက် မင်းက ဘာကိစ္စ ဖုန်းလှမ်းဆက်ပြီး ပြောနေတာတုန်း အခန်းထဲ လာစမ်းပါ "

ဂျီအွန်းက ဘောက်ဆတ်ဆတ်ဖြင့် ပြောကာ ဖုန်းကို ချလိုက်သည့် သိပ်မကြာခင်မှာတင် ကျန်းဟောင့်က အခန်းတံခါးကို ခေါက်လာပြီးနောက် ခေါင်းအုံးတစ်လုံးကို ပိုက်ကာ ဝင်လာခဲ့၏။ မဖြီးသင်ရသေးသည့် ဆံပင်များကလည်း ပွလှန်နေခဲ့ပါသည့်တိုင် မျက်မှန်ဝိုင်းတစ်လက်ကိုတော့ ဟန်ဖြင့် တပ်ထားဆဲ။

ဝင်လာလာပြီးချင်းမှာပင် ကျန်းဟောင့်က သူ့ကို အကြည့်ဖြင့် ဆဲနေသော မျက်လုံးများဖြင့် ကြည့်နေပါသဖြင့် ဂျီအွန်းခမျာ အတော်လေးကို မတရားသလိုမျိုး ခံစားလိုက်ရလေသည်။ သူ ဘာအပြစ်များ လုပ်မိထားပါသနည်း။

" မင်း ဘာကိစ္စ ဟိုနေ့တုန်းက ဆောင်းဟန်ဘင်းကို အိမ်ပြန်လိုက်ပို့ခိုင်းရတာတုန်း ၊ မင်းလည်း အားယားနေတဲ့ ကိစ္စကို ၊ အခု ကြည့်ဦး သူ ငါ့ကို လိုက်ပို့နေတာကို ပါပါရာဇီတစ်ယောက်က ဓာတ်ပုံရိုက်ပြီး တင်ထားပြီ "

Starstruck LoveWhere stories live. Discover now