Take #16 : Attachments

3.5K 637 82
                                    

ဤသည်မှာ ဂင်မ်ဂျီအွန်းက ဆောင်းဟန်ဘင်း၏ အိမ်ကို ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်ပါသည်။ ကျန်းဟောင့်ကမူ အိမ်ထဲသို့ ရောက်သည်နှင့် ဖိနပ်ကို လဲစီးပြီး သူ့အခန်းဟု ထင်ရသည့် နေရာထံသို့ ဦးတည်ကာ ထွက်သွားခဲ့လေပြီး ဆောင်းဟန်ဘင်းကမူ ပတ်ဝန်းကျင်ကို အကဲခတ်နေသလိုမျိုးဖြင့် သူ့ကို လှမ်းကြည့်လာခဲ့သည်။

" ကျွန်တော့်ကို ပြောစရာ ရှိတယ်မလား "

မျက်ခုံးကို ပင့်ပြီး လှမ်းမေးလာသည့် ဆောင်းဟန်ဘင်းကို မြင်လိုက်ရသည့်အခါ ဂျီအွန်းကလည်း မျက်နှာသေဖြင့်သာ လှမ်းကြည့်မိလိုက်၏။ သူ့ကို အကဲခတ်မဆုံးတော့သည့် ဆောင်းဟန်ဘင်း၏ မျက်လုံးများတွင် ဖော်ရွေမှုများလည်း ရှိနေသလို သတိကြီးမှုများကလည်း တွဲလျက်သား။ သူက ခေါင်းညိတ်ပြလာသည့်အခါ ဆောင်းဟန်ဘင်းက သူ့ကို စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့လေ၏။

" ဘာသောက်ချင်လဲ ကော်ဖီ ဒါမှမဟုတ် နွားနို့ "

" တော်ပါပြီ "

" မလုပ်ပါနဲ့ ၊ ကျွန်တော့် ချစ်သူရဲ့ အခင်ဆုံး သူငယ်ချင်းက အိမ်ကို လာလည်တာကို ကျွန်တော်က ဧည့်ဝတ်မကျေလို့ မဖြစ်ဘူးလေ "

ရိုးရိုးသားသား စကားပြောသလိုမျိုး ထင်လိုက်ရသော်ငြား ဂျီအွန်းဟာ စိတ်ထဲ၌မူ ခွီးခနဲ ရယ်ချင်စိတ် ဖြစ်သွားခဲ့ရသည်။ ဆောင်းဟန်ဘင်းဟာ အစကတည်းက ကျန်းဟောင့်၏ ဘေးပတ်ဝန်းကျင်တွင် ရှိနေသူများအပေါ် သတိကြီးကြီး ထားနေခဲ့ပုံ ရလေကာ သူကတော့ အမြင့်တစ်နေရာတွင် ရောက်နေကြောင်းကိုလည်း မသိမသာလေး တင်စီးပြီး ပြောပြချင်ခဲ့သည့် ပုံမျိုးဖြင့်။

မိနစ်ပိုင်းလောက်မျှ စောင့်ပြီးသည့်အခါ ဆောင်းဟန်ဘင်းက နွားနို့ခွက်နှစ်ခွက်နှင့်အတူ အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက်တွင်မူ နွားနို့ခွက်ကို သူ့ရှေ့တွင် ချပေးပြီးသည်နှင့် အရှေ့တွင် ခြေထောက်ကို ချိတ်ကာ ကျကျနန ထိုင်လိုက်ရင်း မျက်လုံးများကို ပင့်လျက် ဂျီအွန်းကို ပြုံးကြည့်လာခဲ့၏။

" အဲ့ဒီတော့.. ခုနတုန်းက ရန်ဖြစ်နေတာက ကျောင်းတုန်းက သူငယ်ချင်း ဖြစ်မယ်ထင်တယ် "

Starstruck LoveWhere stories live. Discover now