Extra #4 : Croire

3.8K 427 47
                                    

Warning - sexual content alert! Read at your own risk!

တစ်ပတ်။

သူ ဆောင်းဟန်ဘင်းကို ရှောင်နေမိသည်မှာ တစ်ပတ်တိတိ ပြည့်တော့မည်ပင်။ သတင်းစထွက်လာသည့် နေ့ကတည်းမှစလို့ သူနှင့် ဆောင်းဟန်ဘင်းကြားထဲ၌ သေသေချာချာ ပြောခဲ့သည့် စကားအရေအတွက်ကိုသာ လက်ချိုးရေကြည့်မိရလျှင် လက်နှစ်ဖက်တောင် ပြည့်လိမ့်မည်မဟုတ်ပါချေ။

ဒါက လိုလို့လားဟု တွေးကောင်းတွေးနိုင်လောက်ပါသည့်တိုင် ကျန်းဟောင့်ဟာ ဆောင်းဟန်ဘင်းကိုလည်း တစ်ယောက်တည်း နေဖို့အတွက် အချိန်ပေးချင်ခဲ့သလို သူ့အတွက်လည်း သူ့ကိုယ်သူ ပြန်ပြီးတော့ ဆောက်တည်နိုင်ဖို့ သီးသန့်ဆန်မှုလေးအချို့ကို တောင့်တမိခဲ့သည်။ သို့သည့်တိုင် ထိုသီးသန့်ဆန်မှုကပဲ သူ့ကို ပြန်ပြီး ရိုက်ချိုးနေခဲ့ကြောင်းကိုတော့ ကျန်းဟောင့်က တမင်တကာကို မသိချင်ယောင်ဆောင်လိုက်ရလေ၏။

တကယ်တမ်းကျ သေသေချာချာ ဖြေရှင်းပေးနေသင့်သည့် အချိန်ကို ရောက်နေပြီဖြစ်ပါသည့်တိုင် ဆောင်းဟန်ဘင်းဘက်ကရော အေဂျင်စီဘက်ကပါ အခုထက်ထိ တုပ်တုပ်မလှုပ်သေးပါချေ။ ထို့ကြောင့် ကျန်းဟောင့်ဟာ ဆောင်းဟန်ဘင်းကများ အေဂျင်စီက ပေးလာသည့် ဖြေရှင်းနည်းများကို ခေါင်းမာမာဖြင့် ရှောင်တိမ်းနေသလားဟု တွေးမိလာခဲ့၏။ မဟုတ်လျှင် သတင်းကို ဤမျှအထိ ပျံ့အောင် ထားထားလိမ့်မည်မဟုတ်ပါချေ။

အေဂျင်စီက ဟန်ဘင်းကို သူနှင့် ဖြတ်ဖို့ တရားချနေသဖြင့်များ.. ဟန်ဘင်းက....။

ဆက်မတွေးချင်တော့ပါသဖြင့် ကျန်းဟောင့်ဟာ ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ရှေ့တွင် ရှိနေသည့် လပ်တော့ထံသို့ စိုက်ကြည့်လိုက်ရသည်။ ဗလာကျင်းနေသည့် အဖြူရောင်မျက်နှာပြင်ကို အာရုံစိုက်ထားရပါသည့်တိုင် ဘယ်လိုစာလုံးများကို ထုတ်ရေးရမလဲ ဆိုသည်ကို သူ မသိခဲ့။

သူ ဟန်ဘင်းနှင့် စကားတအား ပြောချင်မိပါသည် ၊ သို့သည့်တိုင် စကားပြောရဲသည့် သတ္တိလည်း မရှိပါချေ။

သူ့ဘက်က ခပ်ခွာခွာ နေနေမိပါသဖြင့် ဟန်ဘင်းကိုယ်တိုင်ကပါ သူနှင့် ခေတ္တမျှ break ယူရန် တွေးနေခဲ့ပါလျှင်.. ဘယ်လိုများ လုပ်ရမည်နည်း။ ဟန်ဘင်းဘက်သာ ထုတ်ပြောလာပါလျှင် သူကတော့ ဘယ်လောက်ပဲ နာကျင်ရပါစေ ၊ မဆိုင်းမတွဖြင့် လက်ခံမိလိမ့်မည် ဖြစ်ပါသည့်တိုင် သူ့ဘက်ကလည်း ဘယ်လိုမှ ဟန်ဘင်းကို လက်မလွှတ်ချင်ခဲ့ပါ။

Starstruck LoveWhere stories live. Discover now