Extra #6 : Present

2.6K 311 6
                                    

သိပ်မကြာခင်မှာပင် ဆောင်းဟန်ဘင်းက သူ၏ အေဂျင်စီနှင့် တရားရင်ဆိုင်တော့မည်ဖြစ်ကြောင်း သတင်းများက အနုပညာလောကနှင့် ပတ်သတ်ပါသည့် နေရာအနှံ့တွင် ပျံ့နှံ့လို့သွားခဲ့ရသည်။ အထူးသဖြင့် ဆောင်းဟန်ဘင်း၏ scandal များအကြောင်းကို အခုထက်ထိ တိတိပပ ဖြေရှင်းပေးခြင်း တစ်ခုတလေတောင် ရှိမနေလေဘဲ တရားရင်ဆိုင်သည့် ကိစ္စက အရင်ဆုံး ထွက်လာပါသဖြင့် လူတိုင်းက အံ့သြနေလိမ့်ကြမည်မှာ စကားအဖြစ် ထုတ်ပြောနေစရာတောင် မဟုတ်ပါတော့ချေ။

ထို့အပြင် တစ်ယောက်ယောက်က ပိုက်ဆံပေးပြီးတော့ ခိုင်းထားသလိုမျိုးပင် ဘယ်နေရာကနေ ထွက်လာမှန်း‌တောင် မသိပါသည့် ဆောင်းဟန်ဘင်းနှင့် ကျန်းဟောင့်၏ နှစ်ယောက်တွဲပုံများကလည်း တစ်ရက်တစ်ပုံ နီးပါးမျှကို လိုင်းပေါ်တွင် ပျံ့လာတတ်လေသည်။ ထိုဓာတ်ပုံများဟာ တရားရင်ဆိုင်မှုသတင်းအတွက် လောင်စာထပ်ဖြည့်နေခဲ့ပါသည့်နှယ်ပင်။

သေချာပေါက် လူထု၏ တုံ့ပြန်မှုများကတော့ အမျိုးမျိုးအဖုံဖုံကို ကွဲပြားလို့နေခဲ့သည်။ အချို့ကမူ ရှုပ်ထွေးလှသည့် အနုပညာလောကကြောင့် ဤကိစ္စက ဒီလောက်အထိ မရိုးရှင်းနိုင်ပါကြောင်း စုပ်တသပ်သပ်ဖြင့် ကောက်ချက်ချနေသူများလည်း ရှိသလို ကျန်းဟောင့်ကြောင့် ဆောင်းဟန်ဘင်းက ပျက်စီးရာ လမ်းကြောင်းဘက် ရောက်သွားခဲ့ကြောင်း လက်ညှိုးထိုးနေခဲ့ကြသူများကလည်း အမြောက်အမြား။

ကိစ္စကို ဂဃနဏ နားလည်မနေဘဲ ဟိုတစ်စဒီတစ်စ အတင်းအဖျင်းများကို မသက်ဆိုင်သည့် ကြိယာဝိသေသနများဖြင့် ချိတ်ဆတ်ရင်း သူတို့အထင်ကသာ အမှန်ဖြစ်ကြောင်း သက်သေပြချင်သူများကလည်း မနည်းလှ ၊ အခြေအနေဟာ ကျန်းဟောင့် မှန်းထားသည်ထက်တောင် နှစ်ဆလောက် ပိုကာ ဆိုးလို့နေခဲ့သည်။ ဟန်ဘင်းက ဘယ်လောက်အထိ နာမည်ကြီးခဲ့သလဲဆိုသည်ကို သူ အနည်းငယ်မျှ လျှော့တွက်မိသွားခဲ့ပါသလို..။

ဇာတ်ညွှန်းစာရွက်များကြား အချိန်ကုန်နေရမည့် ဟန်ဘင်းဟာ ယခုလက်ရှိတွင်မူ တရားရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေရသည့် စာရွက်စာတမ်းများအကြားတွင် သူ့တစ်နေ့တာကို ကုန်ဆုံးလို့ နေခဲ့ရလေပြီ။

Starstruck LoveWhere stories live. Discover now