💔 ရေွးချယ်မှုမှားခဲ့ခြင်း 💔

1.6K 58 30
                                    


Ep.1

Unicode 🤗

ဒီနေ့ဟာ အကြောင်းကြောင်းကြောင့် တစ်ချိန်ကတက်ခဲ့ရတဲ့ကျောင်းတော်ကြီးဖြစ်တဲ့ UM1နဲ့ အိမ်မက်ထဲကကျောင်းတော်ကြီးဖြစ်ခဲ့တဲ့ YUOEရှေ့ကိုမရည်ရွယ်ဘဲ ဖြတ်ခဲ့ရတယ်လေ။

ဘယ်လောက်ဘဲနှစ်တွေကြာသွားဦးတော့ ထိုကျောင်းတော်ကြီးနှစ်ခုဟာ အမြဲမပြောင်းမလဲဘဲတည်ရှိနေခဲ့၏။

လွမ်းလိုက်တာ..တစ်ချိန်ကနေ့ရက်တွေကို..အချိန်တွေအားလုံးသာ နောက်ပြန်ဆုတ်ခွင့်ရမယ်ဆို သုမှိုင်းယံဝေဆိုတဲ့ကောင်လေးက ဆေးတက္ကသိုလ်ကိုရွေးချယ်ခဲ့မှာမဟုတ်ဘဲ သူဝါသနာပါတဲ့ ကျောင်းဆရာအလုပ်အတွက် ပညာရေးတက္ကသိုလ်ကိုတက်ဖို့ရွေးချယ်ခဲ့မိမှာ။

မှိုင်းဆိုတဲ့ကောင်လေးမှာ သူဆယ်တန်းတည်းက ချစ်ခဲ့ရတဲ့အမျိုးသမီးငယ်လေးတစ်ယောက်ရှိခဲ့တယ်။ ထိုအမျိုးသမီးအတွက် မှိုင်းဟာအချစ်ဦးဖြစ်ခဲ့သလို မှိုင်းအတွက်လည်းထိုအမျိုးသမီးဟာ အချစ်ဦးဖြစ်ခဲ့၏။

ဆယ်တန်းတုန်းက အတန်းထဲမှာထိပ်ဆုံးနေရာကို အပြိုင်ရခဲ့ကြတဲ့သူတို့နှစ်ယောက်..လူတကာက အားကျခဲ့ရတဲ့ ကျောင်းဂုဏ်ဆောင်အတွဲလေးဟာ ဆယ်တန်းပြီးသွားတော့လည်း ဆေးတက္ကသိုလ်ကို နှစ်ယောက်အတူတက်ခဲ့ကြ၏။

ဆေးတက္ကသိုလ်ရောက်တော့လည်း နှစ်ယောက်လုံးက အတွဲညီစွာ Kingနဲ့Queenဖြစ်ခဲ့ကြတော့ ကျောင်းသားတိုင်းရဲ့အားကျခြင်းကို ခံရပြန်ရော။

မှိုင်းက ထက်ဆိုတဲ့သူသိပ်ချစ်ခဲ့ရတဲ့ ကောင်မလေးနဲ့တက္ကသိုလ်အတူတက်ရဖို့ ဆေးကျောင်းကိုရွေးချယ်ခဲ့တာ..တကယ်တမ်း မှိုင်းငယ်ငယ်လေးတည်းက ဝါသနာပါခဲ့တာက ကျောင်းဆရာအလုပ်။

အချစ်ဆိုတဲ့အရာမှာ စုံလုံးကန်းသွားတဲ့ကောင်လေးက ဘာကြောင့်များ အဲချိန်တည်းက ဟိုတစ်ယောက်လို မပြတ်သားနိုင်ခဲ့ရတာလဲ။

သူသာ အဲချိန်တည်းက ဆေးတက္ကသိုလ်ကိုတက်ဖို့ မရွေးချယ်ခဲ့ဘဲ ပညာရေးတက္ကသိုလ်ကိုတက်ဖို့ ရွေးချယ်ခဲ့မယ်ဆို အခုချိန်သူဟာ အထက်တန်းပြကျောင်းဆရာလေးတစ်ယောက်ဖြစ်နေခဲ့မလား။

ဒုတိယအကြိမ်ဖြစ်ပေါ်လာသောချစ်ခြင်းWhere stories live. Discover now