💘 ဦးသုကလည်းဗျာ 💘

848 60 24
                                    


Ep.4

Unicode 🤗

ဒီနေ့တော့ ဒေါက်တာသုမှိုင်းယံဝေတစ်ယောက် ဆေးခန်းအတွင်းတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ဖြစ်နေလေ၏။

အကြောင်းကတော့ ဖွားကမြေးဖြစ်သူကို သူကမ်းလှမ်းထားတဲ့ ကိစ္စသဘောတူပေးလိုက်သောကြောင့် ဒီနေ့သူ့ဆေးခန်းသို့လာမည့် ချာတိတ်မလေးက တော်တော်နှင့်မလာသေးတာကြောင့် အာရုံတွေ ထွေပြားနေတာဖြစ်နိုင်သည်။

ဟော..ပြောရင်းဆိုရင်းလာပါပြီ..အမြဲ T-shirtနဲ့Jjဘောင်းဘီရှည်ကိုသာဝတ်ဆင်တတ်သည့်ကောင်မလေး..

သူလည်းပဲ လမ်းလျှောက်နေရာမှချက်ချင်းရပ်လိုက်ပြီး ဆရာကြီးစတိုင်ကောက်ဖမ်းလိုက်ကာ ဆေးခန်းအတွင်းသို့ဝင်လာသော ချာတိတ်မလေးအား ဟောက်စားလုပ်ဖို့ပြင်လိုက်၏။

" နောက်ကျတယ်နော်..နောက်နေ့တွေနောက်မကျစေနဲ့..အခုတော့ ဒီမှာထိုင်ဦး "

" ဘာလို့ သွယ့်ကိုစာသင်ပေးချင်ရတာလဲ "

ထိုင်ခုံတွင်ဝင်ထိုင်ပြီးသည်နှင့် မေးလာသော သူမစကားကြောင့်

" အကြောင်းပြချက်ရယ်လို့မရှိဘူး..မင်းဖြစ်နေလို့ကို စာသင်ပေးချင်တာဆိုရင်ရော "

" ဘာဘဲဖြစ်ဖြစ်ကျေးဇူး "

" ဟမ်..ဘာပြောလိုက်တာလဲ "

" အော်..ကျေးဇူးလို့ "

" လေတွေကလည်း ဒီနေ့မှအရမ်းတိုက်တာဘဲ..လေသံတွေနဲ့သေချာမကြားလိုက်လို့ ပြန်ပြောပါဦး "

" ကျေးဇူးတင်တယ်လို့ ရပြီလား "

" အော်..ကျေးဇူးတင်တာလား..ဘယ်သူ့ကိုလဲ..ဘာအတွက်လဲ "

သိသိကြီးကြီးနဲ့မေးနေသောလူကြောင့် သွယ်စိတ်မရှည်ချင်တော့..ရှေ့လျှောက် သွယ်က ဒီလူကြီးနဲ့စာသင်ရမှာဆိုတော့ ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံးလျှော့ချပြီး ပြန်ဖြေဖို့ပြင်ရ၏။

" ဒေါက်တာသုမှိုင်းဝေယံကိုကျေးဇူးတင်ပါတယ်..သွယ်ကို ကျောင်းထားပေးမယ်ဆိုလို့ရော စာသင်ပေးမယ်ဆိုလို့ရော "

ဒုတိယအကြိမ်ဖြစ်ပေါ်လာသောချစ်ခြင်းWhere stories live. Discover now