❣ သွယ်က စတာကို ❣

671 62 44
                                    


Ep.6

Unicode 🤗

" ဦးသု...ဦးသုဘာလို့ သွယ့်ကိုစိုက်ကြည့်နေရတာလဲ "

သွယ်ဖြေထားတဲ့ အဖြေလွှာစာရွက်အားစစ်ဆေးပြီးနောက် ဦးသုက သွယ့်ကိုစိုက်ကြည့်လာ၏။ သွယ်ကတော့ သင်္ချာထိုင်တွက်နေရတယ်ဆိုပေမယ့် ဦးသုကတော့ သွယ့်ရဲ့အဖြေစာရွက်ကိုကြည့်ပြီး ပြုံးစိစိနဲ့။

" သိချင်ရင် မင်းကိုယ်တိုင်ဖြေထားတဲ့ စာရွက်ကိုစစ်ကြည့်လိုက်..ရော့ "

သိပ်မကြာလိုက် မှင်နီအရာပေါင်းသောင်းခြောက်ထောင်နဲ့အဖြေလွှာစာရွက်လေးဟာ သွယ့်လက်ထဲသို့ရောက်ရှိလာ၏။

Total scoresကို ကြည့်လိုက်မိတော့ သွယ်တစ်ယောက် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်တာကြောင့် ပွတ်ကြည့်မိသည်။ ဦးသုဘဲ အမှတ်စစ်ကြမ်းသည်လား..သွယ်ဘဲအမှားတွေဖြေထားသလား မသဲကွဲတော့..အမှန်ခြစ်ကို ရှာဖို့ရန်အင်မတန်ခဲယဥ်းလွန်းလှသည်။

" ဘယ်နှယ့်လည်း အောင်မှတ်က75လို့ပြောထားတာနော်..ဘာလဲ နားကြားမှားသွားတာလား..75နဲ့57ဆိုတော့..မင်းလေးဦးနှောက်ကို ရွှေချထားဖို့ကောင်းတယ် "

" ဟာ့..သွယ်က စာတော်ပါတယ်နော်..ဦးသုကသာ ညစ်ပတ်လို့ သွယ်57မှတ်ဘဲရတာ "

" လူကြီးကို ဘာပြောလိုက်တယ် "

" ဟုတ်တယ်လေ..လူကြီးကလူကြီးစကား မတည်ဘူးလေ..ပြောတော့ ကျောင်းကသင်ထားသမျှတစ်ပတ်စာဆို..ဘယ်လိုလုပ်ပြီး ပြီးခဲ့တဲ့လက ဦးသုနဲ့သင်ထားတဲ့ စာတွေပါထည့်မေးထားရတာလဲ..ဦးညစ်ပတ်ကြီးရဲ့ "

" အော်..သင်ထားပြီးသမျှစာတိုင်းက ရနေရမယ်လို့ ကိုယ်မင်းကို သတိပေးထားတယ်လေ..သင်ပြီးမေ့ပစ်လုပ်ချင်လို့ ရမလားကွ "

ပြောရင်း ကြိမ်လုံးကိုလှမ်းယူလိုက်သောဦးသုကြောင့် သွယ် တကယ်လန့်သွားရသည်။

အဲကြိမ်လုံးက တကယ်ကြီးငါ့အတွက်လား..ဆရာဝန်ဆိုတာဆေးထိုးအပ်ကိုင်ရတာလေ..ကြိမ်လုံးက ဆရာတွေနဲ့ဘဲသက်ဆိုင်တာကို..ဟင်းးး မေ့တော့မလို့..ဦးသုကဘာဘဲဖြစ်ဖြစ် အခုချိန်မှာ သွယ့်ဆရာဘဲဟာ..

ဒုတိယအကြိမ်ဖြစ်ပေါ်လာသောချစ်ခြင်းWhere stories live. Discover now