💝 ကျားလား ၊ မလား 💝

692 70 35
                                    


Ep.5

Unicode 🤗

ဘာလိုလိုနဲ့ သွယ်ဆိုတဲ့ကောင်မလေးက ကျောင်းတွေပြန်ဖွင့်လို့ မနက်ဆိုကျောင်းသွားပြီး ညဆို သူ့အိမ်အထိလာကာ စာတွေကြိုးစားပန်းစားသင်ယူနေပြီပေါ့။

သူသည်လည်း သွယ်ဆိုတဲ့ဆိုးပေလေးနဲ့တွေ့မှ အရင်လိုပြန်ပြုံးတတ်လာပြီဆိုပါတော့..ပုံမှန်ဆို ဆေးခန်းကို ရှစ်နာရီခွဲမှပိတ်တတ်တဲ့သူက သူမလေးစာလာသင်တဲ့နေ့တွေဆို ခုနစ်နာရီမခွဲခင်လောက်ထဲကဆေးခန်းပိတ်နေရပြီလေ..သူမလေးကို စာသင်ပေးရတာကို သူ့အနေနဲ့ အရေးကြီးသည့်အလုပ်ကြီးတစ်ခုဟုသတ်မှတ်ထား၏။

ကျောင်းတွေပြန်ဖွင့်တာ ဒီနေ့နဲ့ဆို တစ်ပတ်တိတိပြည့်ပြီပေါ့..ဒီနေ့မှာ တစ်ပတ်စာ စာမေးပွဲစစ်မည်ပြောထားသည်ကြောင့် စာမရသေးလို့လားမသိပေမယ့် ရှစ်နာရီထိုးခါနီးအထိ သူမကတော့ရောက်မလာသေး..ထို့ကြောင့် ခြံရှေ့တွင်ထွက်စောင့်နေဖို့သူဆုံးဖြတ်လိုက်သည်။

.....

ပုံမှန်ဆို ဖွားက ဦးသုအိမ်မှာ စာသွားသင်ခါနီးတိုင်း သွယ့်ကိုလိုက်ပို့လေ့ရှိသည်။ ဒီနေ့တော့ ဖွားမအားတာကြောင့် သွယ်တစ်ယောက်တည်းလာရင်း လမ်းတွင် သူငယ်ချင်းဖြစ်သူ ဝေယံကိုပါတွေ့လိုက်ရသောကြောင့် ကျောင်းကအကြောင်းများအားပြောကာ နှစ်ယောက်သားစခွီထရင်း ဦးသုတို့ အိမ်ယာဘက်ခြမ်းသို့လမ်းလျှောက်လာခဲ့သည်။

ဝေယံနဲ့သွယ်နဲ့က ငယ်ငယ်တည်းကလည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေဆိုပေမယ့် အခုချိန်မှာတော့ သွယ်ကBioခန်း၊ ဝေယံကEcoခန်းဖြစ်တာကြောင့် ကျောင်းတူပေမယ့် အခန်းမတူကြတော့..ဒါဟာဟိုဦးသုကြောင့်ဖြစ်ရတာ..လူကိုဇွတ် သိပ္ပံတွဲယူခိုင်းလို့..

" ဟုတ်တယ်..ဟုတ်တယ်..မနေ့ကဆို ဟိုကောင်ပေါက်ကြီးလေ ဆရာမက စာဆိုခိုင်းဖို့မတ်တပ်ရပ်ခိုင်းတာကိုမတ်တပ်အရပ်ကောင်းပြီး ပုဆိုးပါကျွတ်ကျသွားတာ တစ်ခန်းလုံးက မိန်းကလေးတွေအားလုံးက ထရယ်ပါလေရော "

" ဟားဟားဟား... "

" လွန်းမျှင်သွယ်!! "

ညဘက်မိန်းကလေးဖြစ်ပြီး ယောကျာ်းလေးတစ်ယောက်နဲ့လမ်းအတူတွဲလျှောက်လာတဲ့အပြင် တဟီးဟီးတဟားဟားနဲ့ ပတ်ဝန်းကျင်ကိုပါမေ့နေလားမသိ..လွန်းမျှင်သွယ်ဆိုပြီးအသံကျယ်ကျယ်နဲ့အော်ခေါ်လိုက်မှ ရယ်နေရာမှရပ်သွားကြ၏။

ဒုတိယအကြိမ်ဖြစ်ပေါ်လာသောချစ်ခြင်းWhere stories live. Discover now