💝 လွန်းမျှင်သွယ် 💝

875 54 18
                                    


Ep.2

Unicode🤗

" ရောင်နီ အထွေထွေရောဂါကု ကုသိုလ်ဖြစ်ဆေးခန်း "

" Dr.သုမှိုင်းယံဝေ M.B.,B.S.(Ygn), M.Med.Sc (Surgery) "

နောက်ဆုံးတော့ သူ့ရဲ့ကြိုးစားမှုတွေဟာ အရာထင်ခဲ့ပြီဖြစ်၏။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်ဖြစ်လာသောကောင်လေး..

" ဆေးခန်းပြချင်လို့ပါ..ဒေါက်တာလေးက ငယ်ငယ်လေးဘဲရှိသေးသကိုး "

သူ့ရဲ့ Dr.သုမှိုင်းယံဝေဆိုတဲ့စာသားပါ ဘုတ်ပြားလေးကိုငေးမောနေစဥ် ဆေးခန်းဖွင့်ဖွင့်ချင်း သူ့ရဲ့ဒီဆေးခန်းလေးမှာ ပထမဆုံးလူနာဖြစ်လာမည့် အဖွားအိုတစ်ယောက်က စကားဆိုလာ၏။

" ကုတင်ပေါ်လှဲလိုက်ပါဖွားဖွား "

ဘာရယ်ကြောင့်မှန်းမသိ အဖွားလို့တောင်မခေါ်ဖြစ်ဘဲ သူ့ရဲ့ပါးစပ်ဖျားကနေ ဖွားဖွားဆိုပြီးထွက်သွားခဲ့၏။ မေတ္တာငတ်ခဲ့သည့်သူ့အဖို့ ဖွားဖွားရဲ့မျက်နှာလေးကို မြင်လိုက်ရပြီး စိတ်အေးချမ်းသွားကာ အမေတစ်ယောက်လို အဘွားတစ်ယောက်လို ခံစားလိုက်ရလို့ထင်ပါရဲ့။

လိုအပ်သည့် ကုသမှုများလုပ်ပေးပြီးနောက် ဖွားဖွားအားအစားအသောက်ဂရုစိုက်ဖို့ ပြောရန်ပြင်တုန်း

" ဖွား..ဘာလို့တစ်ယောက်တည်းသွားရတာလဲ..သွယ်လိုက်ပို့ပါ့မယ်ဆိုတာကို "

ရောင်နီဆိုတဲ့ဆေးခန်းလေးထဲ အသံကျယ်ကျယ်နဲ့ဝင်လာသောကောင်လေးမှန်းမသိ..ကောင်မလေးမှန်းမသိတဲ့ ချာတိတ်အရွယ်ကလေးတစ်ယောက်ကြောင့် ကုတင်ပေါ်လှဲနေသည့် ဖွားဖွားမှာ ချက်ချင်းထလာ၏။

" ဖွားနုရဲ့မြေးလေးပါဒေါက်တာ "

" ဟုတ်ကဲ့..ဖြည်းဖြည်းထပါ..သား..ဖွားဖွားအတွက် ဆေးသုံးရက်စာပေးလိုက်မယ်နော်..တကယ်လို့ မသက်သာရင် ဖွားဖွားဆီကို သားလာခဲ့ပါ့မယ် "

" ဟို..ဘယ်လောက်ပေးရမလဲဒေါက်တာလေး "

" ပေးစရာမလိုပါဘူးဖွားဖွားရယ်..ဖွားဖွားသာ ကျန်းမာရေးကို ဂရုစိုက်ပါနော် "

" သာဓု..သာဓု..သာဓု..ဒေါက်တာလေး လိုအင်ဆန္ဒတွေပြည့်ပါစေကွယ်..ချစ်သောသူနဲ့လည်း တစ်သက်လုံး.... "

ဒုတိယအကြိမ်ဖြစ်ပေါ်လာသောချစ်ခြင်းWhere stories live. Discover now