💗 ခိုးလုပ်မိလေခြင်း 💗

980 71 45
                                    


Ep.8

Unicode 🤗

" လွန်းမျှင်သွယ်..မလာသေးဘူးလား..ပျောက်နေတာကြာလှပြီ..တစ်မိနစ်အတွင်း ကြားရာအရပ်ကနေ အရောက်လာခဲ့ "

" လွန်းမျှင်သွယ်..ခေါ်နေတာမကြားဘူးလားဟမ်..တစ်မိနစ်အချိန်ပေးထားတယ်နော်..တစ်မိနစ်ပြည့်လို့ကတော့ ကြိမ်လုံးယူပြီးလာမှာ "

ဟာ..စိတ်ညစ်ပါတယ်..ဘယ်လိုအလိုက်ကမ်းဆိုးမသိတဲ့ဦးသုလည်းမသိပါဘူး..သိနေတယ်..သိနေတယ်..အဲဒါတွေသိနေလို့ လွန်းမျှင်သွယ်တို့က Rankတောင်မဆော့ဘူး..အိမ်သာထဲမှာ Brawlလေး
တစ်ပွဲဘဲဝင်ဆော့တာ..အခု AFKနဲ့လွန်းမျှင်သွယ်နဲ့ညားတော့မှာလားမသိဘူး..

ဘာဘဲဖြစ်ဖြစ် Win rateက ဘဝကြီးဖြစ်သည့်သွယ့်အတွက် Brawlဆိုတော့win rateမကျ..သို့ပေမယ့် AFKကြောင့် rpမိပါက Credit scoreကျနိုင်သည်..ဟာ..နေပါဦး..ဒီအချိန်မှာ ငါဒါတွေစဥ်းစားနေရမှာမဟုတ်ဘူး..တစ်မိနစ်ကျော်သွားရင် ငါ့ရဲ့ဒေါသအိုးဒေါက်တာကြီးက တကယ်ကျွေးလောက်တယ်..

" ဟီးးး ဦးသု "

အသံကြားရာနေရာကိုလှည့်ကြည့်မိတော့ အိမ်သာတံခါးဝမှထွက်လာသောကောင်လေး..ရုပ်ကိုက စပ်ဖြဲဖြဲနဲ့ မယုံချင်စရာရုပ်..အိမ်သာထဲ ဒီလောက်အကြာကြီးဝင်သွားတာ တစ်ခုခုတော့တစ်ခုခုပင်..

" အဲမှာရပ်ပြီး လက်ပိုက်ထား!! "

ပြောလိုက်တော့လည်း စာကြည့်စားပွဲခုံဆီသွားနေသည့် ထိုကောင်လေး၏ ခြေလှမ်းများကရပ်တန့်သွားကာ ချက်ချင်းလက်ပိုက်ရပ်ကလေးဖြစ်သွား၏။

ဒီကလေးအိမ်သာထဲအကြာကြီးဝင်သွားသည်မလို့ အိမ်သာထဲမှာဆေးလိပ်ခိုးသောက်နေလားဘာလားသိရအောင် အိမ်သာအတွင်းသွားစစ်ဆေးမိတော့ ဘာဆေးလိပ်နံ့မှမရသလို ဘာသဲလွန်စမှလည်းရှာမတွေ့..

ဘယ်လိုဘဲဖြစ်ဖြစ် စပ်ဖြဲဖြဲနဲ့ကောင်လေးရဲ့ပုံစံက ဝမ်းပျက်ဝမ်းလျှော ဗိုက်နာနေတဲ့ပုံစံလည်းမပေါက်..

ထို့ကြောင့် ထိုကောင်လေးရဲ့ခန္ဓာကိုယ်အနှံ့ကို ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်ရသည်..

" ဒါဘာလဲလွန်းမျှင်သွယ်!! "

ဘာမပြောညာမပြောနဲ့ သွယ်ရဲ့ခန္ဓာကိုယ်ကို ဟိုစမ်းဒီစမ်းလုပ်ပြီး သွယ့်ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းလေးအားယူသွားသောဦးသုက အသံကျယ်ကျယ်နဲ့သွယ့်အားမေးလာသည်..ဒီSecondဖုန်းလေးက သွယ်လိုချင်လွန်းလို့ ပေးသမျှမုန့်ဖိုးအကုန် မစားရက်မသောက်ရက်နဲ့စုထားပြီး ဦးသုမသိအောင်ခိုးဝယ်ထားရတာ..အခုလိုမျိုး ဦးသုဆီမှာ လွယ်လွယ်နဲ့ အဖမ်းခံရဖို့မှမဟုတ်ဘဲ..

ဒုတိယအကြိမ်ဖြစ်ပေါ်လာသောချစ်ခြင်းWhere stories live. Discover now