page-1

21.8K 323 13
                                    

ဦးကချစ်လူဆိုး
        part-1
"ကိုကိုရက်စက်တယ်"

ရှိုက်သံလေးနဲ့ပြောလာသော
၁၈နှစ်သာသာမိန်းခလေးတယောက်...
ဖြူနုတဲ့အသားရေလေးနဲ့ပြည့်ပြည့်လုံးလုံး
ခန္ဓာကိုယ်လေးကဂါဝန်နီလေးနဲ့အသဲယားဖွယ်ရာ
သို့ပေမဲ့ဆံမိတ်ပါးလေးအောက်ကမျက်ဝန်း
ဝိုင်းလေးတွေမှာတော့မျက်ရည်ကြည်များနဲ့
ပြည့်လျှံကာလက်ချောင်းလေးများက
သူမလက်မောင်းကိုဖိဆုပ်နယ်နေ၏...

"မွန် ရော့သောက်လိုက်
နင့်ရင်ထဲကအပူတွေအေးသွားအောင်"

စိမ်းသွယ်၏စကားကြောင့်မွန့်မျက်လုံး
လေးတွေအရက်ခွက်ပေါ်ရွေ့ရုံလေး
ရွေ့သွားရသည်
တချိန်ကအနံ့တောင်မခံဖူးခဲ့တဲ့အရက်ကို
အသဲကွဲဝေဒနာကြောင့်သောက်ရတော့မည်တဲ့လား

"လမ်းခွဲကြမယ်"

သွေးအေးအေးနဲ့မွန့်ကိုထားရစ်သွားခဲ့သူကိုကို...

"အဟင့်...ငါသူ့ကိုမေ့ချင်တယ်"

"ဟဲ့ ဖြေးဖြေးသောက်"

မွန်တားမြစ်သံတွေကိုဂရုမစိုက်ပဲအရက်ကို
အကုန်မော့သောက်ချပြစ်လိုက်သည်။
ပူဆင်းသွားတဲ့အရာတွေကနံစော်ခါးတူးနေ၏...

"ဝေါ့..."

"ဟဲ့ ရရဲ့လား မွန်"

စိမ်းသွယ် မွန့်ကျောပြင်နုနုလေးအား
ဖွဖွလေးပွတ်ပေးရင်းရေခွက်ကမ်းပေးသည်။

"နောက်တစ်ခွက်ပေး"

"ဟင် ထပ်ယူအုံးမလို့လား"

"အေ ဒီနေ့ငါမူးအောင်သောက်မယ်
ဒါမှသူ့ကိုငါမေ့နိုင်မှာ"

စိမ်းသွယ်သက်ပြင်းဖွဖွချပြီးနောက်တစ်ခွက်
ယူပေးသည်။

"ငါသူ့ကိုအရမ်းမုန်းတယ်
သစ္စာမရှိတဲ့လူ...ကတိမတည်တဲ့လူ"

"ဟုတ်တယ် အဲ့လိုလူကိုနင်လွမ်းနေစရာမလိုဘူး
မေ့ပြစ်လိုက်မွန် မေ့ပြစ်လိုက်"

"အဟင့်..."

ဘယ်လိုများမေ့ပြစ်ရမှာလဲ...
သူနဲ့မွန်နဲ့ချစ်ခဲ့တာသုံးနှစ်သုံးမိုးကြီးများတောင်
အသက်ရွယ်ကာဟပေမဲ့မွန်နွဲ့ဆိုးမဆိုးပဲ
အရာအားလုံးနားလည်ခွင့်လွှတ်ပေးခဲ့သည်
ဒါပေမဲ့နောက်ဆုံးတော့လည်း
မတည်ငြိမ်လို့ဆိုပြီးရွယ်တူတယောက်နဲ့
လက်ထပ်သွားခဲ့သောမွန်ရဲ့သစ္စာရှိချစ်သူကြီး။

ဦးကချစ်လူဆိုးWhere stories live. Discover now