part-10

11.7K 204 33
                                    

ဦးကချစ်လူဆိုး
🌺အပိုင်း-၁၀🌺
မွန်ရင်ခွင်ကျယ်ကြီးအောက်မျက်စိလေးပြူးကာ
ဆက်မရုန်းရဲပေတော့...
သူကအားကြီးကြီးနဲ့ မွန့်ကိုဟိုတစ်ခါလို
ထပ်လုပ်ရင်တကယ်အမွှားပူးရနိုင်လောက်သည်

"ဒီမှာငြိမ်ငြိမ်နေ ဘယ်းမှဆင်းဖို့မစဥ်းစားနဲ့
မျောက်လိုနေရာတွေလိုက်တက်ဖို့လည်းမစဥ်းစားနဲ့"

သူလက်ညိုးလေးထိုးကာဆိုလိုက်ပြီး
သူမပေါ်ကဖယ်ဆင်းပေးလိုက်သည်။
သူစိုးရိမ်မိလို့ပါ
သူကစိတ်ကြမ်းလူကြမ်းနဲ့
နုနယ်တဲ့သူမနဲ့သူမဗိုက်ထဲကခလေးလေး
ထိခိုက်သွားမိမှာကို...
ဖျက်ချဖို့ထိသူဒေါသတကြီးပြောခဲ့သော်လည်း
တကယ်တမ်းတော့သူမကိုနာကျင်အောင်
ဘယ်လိုမှမလုပ်ရက်ပါ...

"မင်းအဲ့ခလေးကိုမွေးလို့ရတယ်နော်
ဒါပေမဲ့သိထား...ကိုယ့်ရင်သွေးကိုလည်း
မင်းအကောင်ပေါင်းများစွာမွေးပေးရမှာ"

မွန်ကျုံ့ကျုံ့လေးထထိူင်ပြီး
အင်္ကျီကိုမွန့်ရှေ့မှာပင်ဆွဲချွတ်လိုက်တဲ့သူ့ကြောင့်
မျက်နှာလေးကိုကပျာကရာလွှဲထားမိသည်။

လွှမ်းအဝတ်စားတွေချွတ်၍
ရေချိုးဖို့တဘက်တစ်ထည်အားယူငင်ရင်းက
သူမကိုငဲ့ကြည့်တော့နားဖျားလေးနီကာ
ရှက်နေဟန်ကချစ်စဖွယ်...

လွှမ်းဟွန်းခနဲပြုံးလိုက်ပြီးရေချိုးခန်းထဲသို့
ဝင်သွားခဲ့သည်။

"ဟူး...."

မွန်ခုမဗလပူလေးအားဖွဖွလေး
မှုတ်ထုပ်လိုက်မိသည်။
ပိတ်သွားတဲ့ရေချိုးခန်းတံခါးကိုလှမ်းကြည့်တော့
ရင်ထဲမှာသူ့ရဲ့လူကြီးလူကောင်းပီသစိတ်ကို
အတော်တော့လေးစားမိပါလျှက်
ကိုယ့်ခလေးမဟုတ်ပဲစောင့်ရှောက်ပေးမယ်
ဆိုတာက အတော့ကိုစိတ့ထားပြည့်ဝတဲ့
ယောင်္ကျားမှရမဲ့အရာပင်...

အယ်...မွန် ခု သူ့ကိုအကောင်းမြင်နေတာလား။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

ဘုန်း...ဘုန်း...ဘုန်း.....

အရင်နေ့တွေလိုဘားမှဆွဲလားရမ်းလားမလုပ်ပဲ
အိပ်ယာကိုသာခါနေသည်။
မွန်ခြေစုံရပ်ကာသစ်တောက်ငှက်ဂုပ်လေးကို
ခလေးတယောက်လိုရင်မှာပိုက်ပြီး

You've reached the end of published parts.

⏰ Last updated: May 09, 2023 ⏰

Add this story to your Library to get notified about new parts!

ဦးကချစ်လူဆိုးWhere stories live. Discover now