part-7

5.3K 98 0
                                    

ဦးကချစ်လူဆိုး
🌺အပိုင်း-၇🌺
"အတူတူအိပ်ကြရအောင်"

"ဟင်"

မွန်မျက်လုံးလေးအဝိုင်းသားဖြစ်သွားရကာ
တင်းကျပ်စွာအဖက်ခံထားရတဲ့ရင်ခွင်ထဲ
ရှက်လဲရှက်သွားမိသည်။
သူတစ်ခုခုလုပ်မည်ထင်ပြီးအော်နေခဲ့တာ
ခုတော့အတူတူအိပ်ကြရအောင်တဲ့လား။
မွန် နင်တော့အတွေးလွန်နေခဲ့တာပဲ...
ဒါပေမဲ့ဒီလိုကြီးငါဘယ်လိုလုပ်ရမလဲ
အသက်လည်းရှူလို့မရတော့ဘူး
ပြီးတော့သူ့နှုပ်ခမ်းကလေတွေကငါ့ကို
လာတိုက်နေတယ်...

မွန်အတွေးတွေနဲ့အိပ်စက်လို့လုံးဝမရပေ။

သူကတော့နှစ်ခြိုက်စွာပင်အိပ်မောကျသွားသည်။
အိပ်သွားလို့မွန့်ခန္ဓာကိုယ်ကိုလွှတ်တယ်လို့တော့
မထင်လိုက်ပါနဲ့...
ခါးတစ်ခုလုံးကိုနေစရာမရှိအောင်သိမ်းပွေ့ပြီး
ချုပ်ဖက်ထားခဲ့တာ...
အသက်ရှူတွေပင်ကျပ်လာခဲ့ရသည်။

ထိုညကမွန် တစ်ခါးမှတောင်စိတ်ကူးမယဥ်ရဲခဲ့တဲ့
သူစိမ်းယောင်္ကျားတယောက်၏ရင်ခွင်ထဲ
အိပ်စက်ခဲ့ရတယ်။
ဒါပေမဲ့ထူးဆန်းလှသည်
သူ့ထံကနွေးထွေးသောအငွေ့သက်တို့က
မွန့်ခန္ဓာကိုယ်အားရိုက်ခတ်လို့နေခဲ့တာ
ဘယ်ကဘယ်လိုအိပ်မောကျသွားခဲ့ရလဲတောင်
မသိတော့ပေ...

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

"မွန်...မွန်လေး...မွန်လေး"

လွှမ်းနိုးနေရင်းမှမျက်နှာမသစ်ဘားမှ
မခြယ်သသေးရတာတောင်ချစ်စရာကောင်းလွန်းနေတဲ့
မျက်နှာလေးကိုလက်ချောင်းတွေနဲ့ထိတွေ့လိုက်သည်။

မျက်ဝန်းလေးများကတလှုပ်လှုပ်နဲ့ပွင့်လာ၍
သူမနိုးလာကာသူ့ကိုမြင်လျှင်မြင်ချင်းပင်
ဘေးကိုရှောင်၍ကမန်းကတန်းကုန်းထရှာ၏

လွှမ်းနှစ်ခြိုက်စွာရယ်လိုက်ပြီး...

"အိပ်နေတာလေးကလည်းခလေးလေးကျနေတာပဲ
ကိုယ့်လက်မောင်းတောင်ကျဥ်တက်လာတယ်"

မွန်မျက်နှာသေလေးနဲ့ပင်ထရပ်လိုက်သည်။

သူကတော့အနောက်တိုင်းဝတ်ဆုံအပြည့်စုံနဲ့
ခန့်ညားသောမျက်နှာကပြုံးရွှင်၍
မွန့်အတွက်ဟုဆိုကာအင်္ကျီတွေထုပ်ပေးသည်။
အားလုံးကနာမည်ကြီးဒီဇိုင်နာတွေ၏
အလှဆုံးဂါဝန်လှလှလေးများသာ။

ဦးကချစ်လူဆိုးWhere stories live. Discover now