part-4

6.3K 137 0
                                    

ဦးကချစ်လူဆိုး
🌺အပိုင်း-၄🌺
"ဟုတ်တယ်...ငါကမင်းင်္ယောကျား"

သူဒုတိယအကြိမ်ထပ်အပြောပြီးမှာတော့
သူမကိုယ်လေးအားသိမ်းပွေ့ချီမလိုက်သည်။

"ဟင် .....ဘာလုပ်တာလဲ!"

မွန်လူကိုအတင်းပွေ့ချီလိုက်သည့်ထိုလူကြီးကြောင့်
ကြောက်လဲကြောက်အော်လဲအော်ရင်း
သန်မာသောထိုလူကြီး၏လက်တွေအား
အတင်းရိုက်ပုတ်ကာပြန်ဆင်းဖို့ကြိုးစားသည်။
သို့ပေမဲ့ ထိုလူကြီးကမလွတ်တမ်း
ပွေ့ဖက်ထားရုံမက မျက်နှာကမွန်နဲ့နမ်းမိတော့
မတတ်ငုံ့ချလာ၍...

"ငြိမ်ငြိမ်နေပါbaby
ကိုယ်မင်းကိုဘယ်လောက်ထ်လိုက်ရှာနေရလဲ
မင်းသိလား..."

"အာ့ ဟင့်အင်း..."

ခါးကိုအတင်းပွေ့လိမ်ထားတဲ့လက်တွေက
မာကျောလွန်း၍မွန်ဘယ်လောက့ရုန်းရုန်း
အချည်းနှီးသာ...
ထိုလူကသူ့တပည့်တွေအားလှည့်ကြည့်၍...

"ကားသွားပြန်ထုပ် ပြန်မယ်ခုချက်ချင်း"

"ဟင်...မွန်မလိုက်ဘူးနော် မွန်မလိုက်ဘူး
လူဆိုးကြီး မွန့်ကိုလွှတ်...လွှတ်!"

"ကယ်ကြပါအုံး!
ဒီမှာလူကိုပြန်ပေးဆွဲနေလို့ !
ကယ်ကြပါအုံး!"

မွန်အသံတွေပြာကာရှိသမျှအာခေါင်ခြစ်
အော်ဟစ်နေပေမဲ့နောက်ဆုံးအနက်ရောင်ကားကြီး
ဘေးသို့ရောက်ရှိလာခဲ့သည်။

"တံခါးဖွင့်!"

"ဟင် မလုပ်ပါနဲ့ မွန်မလိုက်ဘူး
အမေရေ! ​စိမ်းသွယ်ရေ!!!"

"ကျစ် တိတ်တိတ်နေစမ်းbaby
ဒီဆေးရုံကကိုယ့်အပိုင်မင်းအော်နေလို့
ဘားမှမထူးဘူး"

"ဟင်"

ကြည့်စမ်းပါအုံး...
ဒီဆေးရုံကြီးကဒီလူကြီးအပိုင်တဲ့လား။
ဟင့်အင်း မွန်သူ့ကိုကြောက်တယ်
သူ့ဘေးကလူတွေကိုလည်းကြောက်တယ်..

"ကယ်ကြပါအုံး...ကယ်ကြပါအုံး!"

လွှမ်း ကားမောင်းတဲ့တပည့်ကိုမေးငေါ့ပြလိုက်ပြီး
ကားပေါ်ကအတင်းဆင်းပြေးဖို့လုပ်နေတဲ့
သူမလက်လေးတွေကိုချုပ်ကာနောက်ကနေ
အတင်းပွေ့ဖက်ထားလိုက်သည်။
မွှေးလိုက်တာ...ဟုတ်တယ်
ဒီအနံ့လေးတွေပဲ...
နွေးထွေးပြီးချိုမြနေတဲ့အနံ့လေးတွေ
ခုထိ သူ့အိပ်ယာကမပြယ်သေးတဲ့
သူမကိုယ်သင်းရနံ့တွေ။

ဦးကချစ်လူဆိုးWhere stories live. Discover now