part-2

9K 137 1
                                    

ဦးကချစ်လူဆိုး
     ( Part-2)
နွေးထွေးလှပါသောနေရောင်ကမွန့်ခန္ဓာကိုယ်အား
ရိုက်ခတ်လာသည်။

မွန်မျက်လုံးများကိုအားယူဖွင့်လိုက်တော့
ဦးဆူံးမြင်ရသည်ဇာပိတ်စတွေနဲ့
ခမ်းနားလှသောအပြင်ဆင်တစ်ခု။
နူးညံ့အိစက်သောအောက်ကအထိတွေ့ကြောင့်
မွန် ခေါင်းကိုဖိကာကုန်းထလိုက်စဥ်
လက်တဖက်ကနူးညံ့တဲ့ရင်ဘက်ကြီးတစ်ခုကို
သွားဖိမိသည်...

"အမေ့...ဟင်"

မွန့်အားကျောပေးကာအိပ်စက်နေသည့်
ယောင်္ကျားတယောက်။

မွန်မျက်လုံးလေးပြူးကာအသံလဲမထွက်ရဲ
တော့ပဲကိုယ့်ကိုကိုယ်ငုံ့ကြည့်တော့
ခန္ဓာကိုယ်ပေါ်မှာယောင်္ကျားဝတ်ရှပ်အင်္ကျီတထည်သာ
ရှိနေသည်။

"ဟင့်..."

သွားပြီဆိုသောအသိနောက်မွန်မျက်ရည်ပူ
တွေတလိမ့်လိမ့်စီးကျလာခဲ့ရသည်။
ငိုသံမထွက်အောင်လက်ဖဝါးလေးကို
ဖိကိုက်ရင်း...
ထိုလူ့ကျောပြင်အားမွန်သေချာကြည့်မိလိုက်စဥ်မှာတော့
အသက်ပင်ဘယ်နားကထွက်သွားရမည်မသိ
ဖြစ်သွားခဲ့ရသည်။

ထိုလူ့ကျောပြင်ကြီးတလျှောက်မှာ
ကြီးမားသောနဂါးရုပ်ကြီးကထင်း၍
မဲနက်နေသည်မို့လား။
သူစိမ်းယောင်္ကျားတယောက်နဲ့အိပ်ခဲ့ရုံသာမက
ထိုယောင်္ကျားကလူဆိုးတယောက်ဖြစ်နေသည်။

ဟင့်အင်း...
ဒီလိုလူနဲ့မွန်ပက်သက်လို့မရဘူး။
မွန်ထွက်ပြေးရမယ်...
မွန်အဝေးဆုံးကိုထွက်ပြေးရမယ်...

ရဲရဲတောက်နေသောနဂါးမျက်လုံးကြီးနဲ့
ထိုလူ့ကျောပိုင်းကိုမွန်ပြူးကျယ်စွာ
ကြည့်ရင်းအိပ်ယာပေါ်ကအသံတိတ်ဆင်း
လိုက်သည်။

ကျဲပြန်နေတဲ့အဝတ်စားတွေကိုတထည်ချင်း
ပြန်ကောကူပြီးအသံမကြားအောင်
တိတ်ဆိတ်စွာပင်ဝတ်လိုက်သည်။
ထို့နောက်မှာတော့ထိုအခန်းထဲကနေအဝေးဆုံး
သို့ပြေးထွက်လာခဲ့မိသည်။

🌺*******************🌺

"တောက်!"

"ဒုန်း!"

လက်သီးတဖက်ကပြင်းထန်စွာထုချလိုက်သည့်
နောက်ခုံတစ်ခုလုံးကသိမ့်ခနဲတုန်သွားသည်။
​သူ့ရှေ့၌ထိုင်နေကြသောသူတွေအားလုံး
မည်သူမှတုတ်တုတ်မလှုပ်ရဲကြ။

ဦးကချစ်လူဆိုးWhere stories live. Discover now