part-8

5.6K 97 0
                                    

ဦးကချစ်လူဆိုး
🌺အပိုင်း-၈🌺
"မမလေးမှာကိုယ်ဝန်ရှိနေတယ်"

"ဘာ...!"

ဖျန်သွေးပင်လန့်သွားရသည်အထိလွှမ်းအသံက
ကျယ်လောင်ပြင်းထန်လွန်းလှသည်။
ဖျန်သွေးခေါင်းကြီးကိုငုံ့လျှိုး၍...

"ဟုတ်တယ် နှစ်လကျော်နေပြီလို့ဆရာဝန်က
ပြောတယ်"

လွှမ်းခဏမျှကြောင်အသွား၍
သူနဲ့သူမပက်သက်ခဲ့မိတာကိုလက်ချိုးရေ
ကြည့်တော့နှစ်လပင်ကျော်လွန်ခဲ့ပြီမို့...

"ငါ့ခလေး...အဲ့တာ. အဲ့တာငါ့ခလေး.. "

"ဗျာ..."

"ကျေးဇူးပဲဖျန်သွေး ဒီသတင်းကိုအရင်ပြောပေးလို့"

သူဖျန်သွေးပခုံးကိုပုတ်၍အိမ်ပေါ်သို့
ဒုန်းစိုင်းပြေးတက်လာခဲ့သည်။
အခန်းထဲဝင်လိုက်တော့သူမအိပ်ယာပေါ်
လှဲလျောင်းနေ၍သူမဘေး၌တော့
သူ့လက်ဆွဲဆရာဝန်ကရပ်နေသည်။

"မွန်...ကိုယ့်ခလေးလေး"

လွှမ်းဝမ်းသာအားရပြေး၍
သိမ်းဖက်လိုက်တော့မွန်ကြောင်သွားရလေသည်။
ပြီးမှဆရာဝန်ကိုသတိရ၍ရှက်ရွံစွာ
အတင်းရုန်းသော်လည်းသူလွှတ်မပေးပေ။
ဆရာဝန်ကသူ့ဘာသာအလိုက်သတိပင်
အပြင်သို့ထွက်သွားရလေသည်။

"ဒီမှာ ရှင်လွှတ်ပါအုံး...လွှတ်...အ့"

"လွှတ်အုံး!!!!"

မွန်အတင်းတွန်းထုပ်လိုက်မှသူ့ရင်ခွင်ကြီးထဲက
လွတ်မြောက်လာရသည်။

"ရှင်ဘာလုပ်တာလည်း..."

"ခလေး...ကိုယ့်ခလေး
မင်းမှာကိုယ်နဲ့မင်းနဲ့ရတဲ့ရင်သွေးလေး
ရှိနေပြီမွန်..."

"ဟင်"

မွန်မျက်လုံးလေးဝိုင်းစက်သွားရသည်။
သူသိသွားပြီဆိုသောအသိနောက်
သူ့ထံကခံစားရလိုက်မိတဲ့အတ္တဆန်သော
ချုပ်နှောင်မှု့တွေ။
ပျော်ရွှင်နေသောသူကတော့မွန့်ဆံနွယ်တွေ
ပခုံးတွေအားအတင်းနမ်း၍ရင်ခွင်ထဲ
ဆွဲဖက်နေသည်။

မွန်ကျောက်ရုပ်လေးလိုငြိမ်သက်နေပြီးမှ
သူ့လက်တွေအားတွန်းဖယ်ထုပ်ပြစ်၍...

"ရှင့်ကလေးမဟုတ်ဘူး!"

"ဘယ်လို..."

လွှမ်းအပြုံးတွေတိခနဲပျောက်ကွယ်ကုန်ရသည်။
သူ့မျက်နှာအားမကြည့်ရဲစွာမျက်စိလေး
လွှဲထားတဲ့သူမကသူမြတ်နိုးရပါသော
နှုပ်ခမ်းတွေအားအသုံးပြု၍...

ဦးကချစ်လူဆိုးWhere stories live. Discover now